Love is accidental (S -2)
Ch - 8
1.
ခါတိုင်း ကျွန်တော်အိမ်ပြန်နောက်ကျရင် ခြံထဲဆင်းပြီးစောင့်နေကျကိုနှိုင်းက ဒီနေ့ခြံထဲမှာရှိမနေဘူး ။ ပြီးတော့ ခြံထဲကမီးတွေလည်း အခုအချိန်အထိ မထွန်းရသေးဘူး ။ အဲ့ဒါကြောင့် ကျွန်တော် မျက်မှောင်ကြုံ့လိုက်ပြီး အိမ်ထဲကိုလှမ်းကြည့်လိုက်တယ် ။ အိမ်ထဲမှာလည်း မီးထွန်းထားတဲ့အရိပ်အယောင်ကိုမတွေ့ရလို့ စိတ်ထဲက
" ကိုကိုတစ်ယောက် ဘယ်တွေလျှောက်သွားနေတာလဲ "
လို့ တွေးလိုက်တယ် ။ ပြီးမှ အဖွားကို
" အဖွား .... ဒီဘက် "
လို့ ပြောပြီး အိမ်ဘက်ကိုလျှောက်လာခဲ့လိုက်တယ် ။
2.
" ဟိုကလေးက မိုးချုပ်တဲ့အထိစာသင်ရတာလား "
လို့ မေးနေတဲ့အဖွားကို ကျွန်တော်စကားပြန်မပြောနိုင်အားပဲ မပြောမဆိုနဲ့ အိမ်ပြန်မလာတဲ့ကိုနှိုင်းကို စိတ်ပူနေမိတယ် ။ ကိုနှိုင်းနဲ့ကျွန်တော် ဒီကိုရောက်တာတစ်နှစ်ပြည့်တော့မယ်ဆိုပေမဲ့ ကိုနှိုင်းက ဈေးနဲ့ကျွန်တော့်ဆိုင်ရယ် သူ့တပည့်တွေအိမ်ရယ်ကလွဲပြီး တခြားဘယ်နေရာကိုမှ ကျွန်တော်မပါပဲသွားတတ်တာမဟုတ်ဘူး ။ ပြီးတော့ ဘယ်သွားသွား သွားမဲ့နေရာကို ကျွန်တော့်ကိုအသိပေးပြီးမှသွားတတ်တာ ။ အခု ဘာမှပြောမသွားဘူးဆိုတော့ တစ်ခုခုဖြစ်နေမှာ စိုးရိမ်တယ် ။ ဖုန်းဆက်တာလည်း မကိုင်တော့ ပိုစိတ်ပူရတယ် ။ ဒါပေမဲ့ ကျွန်တော်ဖုန်းခေါ်တာကို မကြားလို့မကိုင်တာလို့ အကောင်းဘက်ကလှည့်တွေးပြီး နောက်ထပ်တစ်ခေါက် ဖုန်းခေါ်လိုက်တယ် ။
3.
ကိုနှိုင်းဖုန်းကိုလာကိုင်တဲ့လူက မိန်းကလေးတစ်ယောက်ဖြစ်နေလို့ ကျွန်တော် ဖုန်းနံပတ်ကို ပြန်ကြည့်လိုက်ပြီး
" အခုဖုန်းက ဦးအနှိုင်းမဲ့ရဲ့ဖုန်းမဟုတ်ဘူးလားဗျ "
လို့ မေးလိုက်တယ် ။ အဲ့ဒီတေါ့မှ ကိုနှိုင်းဖုန်းကိုကိုင်ထားတဲ့မိန်းကလေးက
" ဒါဦးအနှိုင်းမဲ့ရဲ့ဖုန်းဟုတ်ပါတယ် .... ကျွန်မက Nurse ပါ "
လို့ ပြောတယ် ။ Nurse ဆိုတဲ့စကားကြောင့် ကျွန်တော် ဒိန်းကနဲဖြစ်သွားပြီး
YOU ARE READING
💛 Love is accidental 💛 (20)
General Fictionပထမဆံုးစေရးခဲ့တဲ့ bl ပါ 😊😊😊 ပထမဆုံးစရေးခဲ့တဲ့ bl ပါ 😊😊😊