5.

142 3 0
                                    

Love is accidental (S -2)

Ch - 5

1.

ညီက ကျွန်တော့်ကိုအံ့သြလွန်ပြီး သေသွားဖို့များ မျှော်လင့်နေလားမသိ ။ တစ်ခုပြီးတစ်ခု Surprise လုပ်နေတာ အခုလည်းထပ်လုပ်ပြန်ပြီ ။ ဂစ်တာကြီးလွယ်ပြီး ကျွန်တော့်အရှေ့မှာ မတ်တပ်ရပ်သီချင်းဆိုနေတယ် ။

" ဒီကောင်လေး ဘာလုပ်ချင်ပြန်ပြီလဲမသိဘူး "

လို့ ကျွန်တော်တွေးနေတုန်းမှာပဲ ပြုံးပြပြီး

🎵 You're all I need,my love,my Valentine 🎵

လို့ ဆိုပြီး ဂီတာတီးတာကို ရပ်လိုက်တယ် ။ ပြီးတော့ ကျွန်တော့်အရှေ့မှာ ဒူးထောက်ထိုင်ပြီး ကတ္တီပါဘူးလေးတစ်ဘူးကိုဖွင့်တယ် ။ ပါးစပ်ကလည်း

" ကိုနှိုင်း .... ကျွန်တော့်ကိုလက်ထပ်ပါ "

လို့ ပြောတယ် ။

What the hell .....
ဒီကောင်လေး ရူးများသွားပြီလား ။

ကျွန်တော် ကြောင်တောင်တောင်ဖြစ်နေတုန်းမှာပဲ ညီက ဘူးထဲကလက်စွပ်ကိုထုတ်ပြီး ကျွန်တော့်လက်သန်းကြွယ်မှာစွပ်ပေးတယ် ။ ပြီးတော့

" ကျွန်တော်ကိုနှိုင်းကို ဘယ်တော့မှထားမသွားဘူးလို့ ဒီလက်စွပ်ကို သက်သေထားပြီး သစ္စာဆိုပါတယ် "

လို့ ပြောတယ် ။ ကျွန်တော် လက်ခံခံ,မခံခံ ညီ့အနားမှာနေရုံကလွဲပြီး ကျွန်တော့်မှာရွေးချယ်စရာမှမရှိတာရယ် ။ အဲ့ဒါကြောင့် ခေါင်းညိတ်လိုက်ပြီး

" I Do "

လို့ အဖြေပေးလိုက်တယ် ။

2.

လက်ထပ်ခွင့်တောင်းတာကို လက်ခံလိုက်ပေမဲ့ ကိုနှိုင်းကိုကြည့်ရတာ သိပ်ပျော်တဲ့ပုံမပေါ်ဘူး ။ အဲ့ဒါကြောင့် ကျွန်တော် ကိုနှိုင်းရဲ့ခါးကို အနောက်ကနေဖက်လိုက်ပြီး ကိုနှိုင်းကျောပြင်ပေါ်မှာ မျက်နှာအပ်လိုက်တယ် ။ ကိုနှိုင်းက ပထမတော့ရုန်းဖို့လုပ်ပေမဲ့ မရုန်းတော့ပဲ

" ညီ "

လို့ ခေါ်တယ် ။ ကိုနှိုင်းစကားမစခင် ကျွန်တော်

" ကိုနှိုင်းမပျော်ဘူးလားဟင် .... ကျွန်တော့်ကို လက်မထပ်ချင်ဘူးလား "

💛 Love is accidental 💛 (20)Where stories live. Discover now