671 31 1
                                    

💛 Love is accidental 💛

အပိုင်း ၎

ကျူရှင်ရောက်တာနဲ့ အနှီမောင်မင်းကြီးသားက အိမ်မှာရေခဲတုံးလို စကားမပြောပဲ နေနေတဲ့ပုဂ္ဂိုလ်ဆိုတာ ကျိန်ပြောရလောက်အောင် ကျောင်းသူတွေ ဆရာမလေးတွေနဲ့ ရယ်မောပြီး စကားတွေပြောနေလိုက်တာ ။ ကျွန်တော့်ကို ဖုတ်လေတဲ့ငပိ ရှိတယ်တောင်ထင်ပုံမရဘူး ။ ကျွန်တော် ကိုယ့်အတွေးနဲ့ကိုယ် စာဂျပိုးကောင်ကို မကျေမနပ်ဖြစ်နေတုန်း

" ဒီရင်ခွင်လား "

ဆိုတဲ့ မေးခွန်းနဲ့အတူ ကျွန်တော့်အနားကို ကောင်မလေးတစ်ယောက် ရောက်လာတယ် ။ ကျွန်တော် ခေါင်းညိတ်ပြလိုက်တော့ ပြုံးပြီး

" တို့နာမည် က သွယ် … နှိုင်း သူငယ်ချင်း … မင်းရဲ့သချာင် guide "

လို့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်တယ် ။

" ဟုတ် "

ကျွန်တော် ပြန်ဖြေလိုက်တော့ သွယ် က စာပွဲခုံပေါ်က ဖတ်စာအုပ်ကို လှန်လိုက်ပြီး

" နှိုင်း နဲ့ သင်တာ ဘယ်အထိရောက်နေပြီလဲ … နှိုင်း နဲ့ သင်လက်စကိုဆက်သင် … တို့ကအစကနေပြန်သင်ပေးမယ် … သူနဲ့လဲသင် တို့နဲ့လဲသင်ပေါ့ … အဲ့ဒါမှအဆင်မပြေသေးရင် နောက်နည်းလမ်းတစ်ခု စဉ်းစားကြတာပေါ့ "

လို့ ပြောတယ် ။ အဲ့ဒါကြောင့် ကျွန်တော် သွယ့် ကို ခေါင်းညိတ်ပြလိုက်တယ် ။

🍁 🍁 🍁 🍁 🍁 🍁 🍁 🍁 🍁 🍁 🍁 🍁 🍁 🍁

သွယ် ခြင်းတောင်းလေးကို လက်တစ်ဖက်ကဆွဲ၍  နားနေဆောင်ထဲမှ ထွက်လာသောအခါ ဆိုင်ကယ်များ တန်းစီ၍ရပ်ထားသောနေရာတွင် ဆိုင်ကယ်စက်နှိုးနေသော နှိုင်း ကို တွေ့ရသည် ။ နှိုင်း က သွယ့် ကို တွေ့ဟန်မတူပဲ စက်ကိုသာမဲနှိုးနေသည် ။

" နှိုင်း "

သွယ် လှမ်းခေါ်လိုက်သောအခါ နှိုင်း က မော့ကြည့်ပြီး ပြုံးပြသည် ။

" သွယ့် ဆိုင်ကယ်နဲ့လိုက်မလား "

သွယ့် ဖိတ်ခေါ်မှုအဆုံးတွင် နှိုင်း မျက်နှာပေါ်၌ အရိပ်တစ်ချို့ ဖြတ်ပြေးသွားသည်ကို သွယ် တွေ့လိုက်ရသည် ။ ထို့ကြောင့် ရယ်လိုက်ပြီး

💛 Love is accidental 💛 (20)Where stories live. Discover now