'ဒါက တကယ်ကို စွဲလမ်းစေတာပဲ '

-------------------------

ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှသည့် နေ့လည်ပိုင်းစာသင်ချိန်တွင် အတန်းA ရှိကျောင်းသားကျောင်းသူများသည် အရှေ့မှ သင်္ချာသင်နေသည့်ဆရာမကိုပင် မမြင်နိုင်လောက်အောင် ငိုက်နေကြသည် ။ point တစ်ခုချင်းစီကို သေချာထောက်ကာ ရှင်းပြနေသော်လည်း အာရုံမစုစည်းနိုင်သောကြောင့် ဒီဖက်နားဝင်ကာ ဟိုဖက်နားမှ ပြန်ထွက်သွားသည် ။

သို့သော် နောက်ဆုံးခုံက ကျောင်းလူဆိုးနှစ်ယောက်ကတော့ ကွဲပြားစွာပင် စာအုပ်နှင့် note များအားတစ်ခုချင်းစီ သေချာလိုက်မှတ်လို့နေသည် ။

" အခုပြောလိုက်တဲ့ point တွေအကုန်လုံးက ‌အရေးကြီးတဲ့ဟာတွေချည်းပဲ... "

ဆရာမဂို သင်ပုန်းပေါ်တွင် တစ်ခုချင်းစီရှင်းပြနေရာမှ ‌အရှေ့သို့ပြန်လှည့်လိုက်ရာတွင် ကျောက်ခဲဆွဲခံထားရသည့် မြည်းမျက်လုံးများနှင့် သူမအားကြည့်နေကြသည့် ကျောင်းသားများတွေ့လိုက်ရသည် ။ ကျောင်းလူဆိုးဟု သမုတ်ကြသည့်နှစ်ယောက်ကတော့ စာအပေါ်၌အာရုံစူးစိုက်စွာပင် သူတို့၏မျက်လုံးများက ကြည်လင်ကာ တောက်ပနေသည် ။ ဆရာမဂိုက သူမကိုင်ထားသည့် maker pen အား စားပွဲ‌ပေါ်သို့ပစ်တင်လိုက်ပြီး လက်နှစ်ဖက်ထောက်ကာ

" နေ့လည်ပိုင်း သင်္ချာချိန်မလို့ ငိုက်နေကြမှန်းသိပါတယ် ... ဒါပေမဲ့ နည်းနည်းလောက်တော့ အာရုံစိုက်ကြ ဒီနှစ်အတွက် သင်္ချာမေးခွန်းတွေက ပိုခက်တယ် ... "

" ဆရာမဂို သားတို့တကယ်ကို ငိုက်လွန်းနေပြီ ... ဘယ့်နှယ် သင်္ချာကို နေ့လည်ကြီးမှာ သင်ရတယ်လို့ "

ချန်ဆောင်းက လေးသွဲ့နေသည့်လေသံဖြင့်ပြောလာတာကြောင့် တစ်တန်းလုံးက ခေါင်းကိုပျင်းရိစွာ ညိတ်ကာထောက်ခံလာသည် ။

" ဒီလိုပုံစံတွေနဲ့တော့ စာမေးပွဲမှာ ဘယ်လိုလုပ်ကြမလဲ ဟမ်! မင်းတို့တွေ ပျင်းရိနေလိုက်တာများ ခြံထဲက ဝက်တွေလိုပဲ ... "

ဆရာမဂို ကအတန်းကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး စကားဆက်သည် ။

Compatible Pheromones |TK|✓Where stories live. Discover now