''သူက ခင်ဗျားကို ပါးပါးကျန်းလို့ခေါ်မယ် ကျွန်တော့်ကိုကျ ပါးပါးယန်းလို့ခေါ်မယ် ''

''ဘယ်ကလေးက သူတို့မိဘကိုအဲ့လိုခေါ်လို့လဲ ''

ကျန်းမော့ချန် သဘောမတူပေ။ သူခဏလောက်စဥ်းနေလိုက်ကာ

''နောက်ကျ ချီချီ ပါးပါးကို ဒယ်ဒီ* လို့ခေါ် ယန်ဦးဦးကိုကျ ပါးပါးလို့ခေါ် အဲ့လိုဆို ဘယ်သူ့ကိုခေါ်လဲ ပိုလွယ်သွားမယ် ''

''တယောက်ကို ပါးပါးလို့ခေါ်ပြီး နောက်တစ်ယောက်ကို ပါ့(bà)လို့ခေါ်ရင်ရော '' ယန်းချင်းချီကထပ်ပြောလာပြန်သည်။

''နူးညံ့ကြင်နာတဲ့အမေရှိရင် စည်းကမ်းတင်းကျပ်တဲ့အဖေရှိရမယ် ကိုယ်တို့နှစ်ယောက်လုံးက ယောကျ်ားတွေဆိုရင်တောင် ကလေးကိုသင်ပြဆုံးမတဲ့အခါ အလျှော့ပေးတဲ့လူနဲ့ ကြောက်ရတဲ့လူက ရှိကိုရှိလာရဦးမှာပဲ ကိုယ်နဲ့ယှဥ်လိုက်ရင် မင်းက ညင်သာပြီးအလိုလိုက်တဲ့နေရာနဲ့ ပိုလိုက်ဖက်တယ် ကိုယ်က ချစ်ကြောက်ရိုသေ နေရာမှာနေမယ် အဲ့လိုခွဲလိုက်ရင် ကလေးကိုပြောဆိုဆုံးမတဲ့နေရာကျ ပိုအဆင်ပြေသွားလိမ့်မယ် ''

ကျန်းမော့ချန် ထိုသို့ပြောလာမှတော့ ယန်းချင်းချီကလည်း ထပ်မငြင်းချင်တော့ပါ။ သူ ချီချီကိုပြန်ကြည့်လိုက်ကာ ချီချီ၏စပ်စပ်စုစု ကြောင်မျက်လုံးလေးများဖြင့် အကြည့်ချင်းဆုံလိုက်သည်။

''နောက်ဆို ဦးကို ပါးပါးလို့ခေါ် သူ့ကိုကျ ဒယ်ဒီလို့ခေါ် ''

ချီချီကခေါင်းလေးငြိမ့်ပြကာ လိုက်နာသည်။

''mn... ပါးပါး ''

ယန်းချင်းချီ ကလေးဆံပင်လေးများကို ဖွလိုက်ကာ

''လိမ္မာလိုက်တာ ''

သူတို့မနက်စာစားပြီးတဲ့နောက် ယန်းချင်းချီက သူဝယ်လာသည့်စာအုပ်များကိုထုတ်ကာ ချီချီကို ဘယ်လိုဖတ်ရမယ် ဘယ်လိုရေးရမယ် စသင်တော့သည်။ ချီချီကလည်း တော်တော်လေးကိုဉာဏ်ကောင်းသည်။ စကားလုံးတွေအများကြီးကို အကုန်မှတ်မိဖို့ နှစ်ခေါက်လောက်သာ ပြန်သင်ရသည်။ ယန်းချင်းချီ ခဏလောက်တွေးနေလိုက်ကာ ချီချီကို ကြည့်ပြီး ပြောလာသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now