ကျန်းမော့ချန် စိတ်ထဲတွင် သက်ပြင်းခိုးချလိုက်ကာ ကိုယ့်ဘာသာစိတ်ဖြေမိလေသည်။
'' ဒါကြောင့်လူကြီးသူမတွေပြောသလိုပဲ ရွှေ တောင်မှ အလုံးစုံမစင်ကြယ်တာ လူတိုင်းကလည်း ​ပြီးပြည့်စုံမနေဘူး ''

''ဘယ်လိုပဲဖြစ်ဖြစ် '' ကျန်းမော့ချန်စိတ်ထဲကနေ ဝေဖန်လိုက်သည်။ ''ယန်ချင်းချီက ပုံဆွဲတာတော့ တော်တော် တော်တာပဲ ''

သူတို့တွေ့တာဖြင့် ဒုတိယအကြိမ်ပဲရှိသေးတယ် သူ့ရဲ့ချို့ယွင်းချက်ကိုတွေ့သွားရပြီ။ အရမ်းကောင်းတယ်။ ယန်ချင်းချီ ဘယ်အချိန်လောက်အထိ လိမ္မာပါးနပ်နိုင်မလဲ သူစောင့်ကြည့်ချင်သေးသည်။ သူ့လက်ထဲ ကျလာတဲ့အထိ မတုံးရင်တော့ အကောင်းဆုံးပေါ့။ အဲ့အချိန်ရောက်လာရင်တော့ သူ ယန်ချင်းချီကို ဒီအခန်းထဲတွင်ထိုင်ခိုင်းကာ သုံးရက်သုံးညလုံး ပုံဆွဲခိုင်းမှာ! သုံးရက်သုံးညလုံး!! လုံးဝအနားမပေးပဲ!!!

သုံးယောက်သား အတွေးကိုယ်စီဖြင့်ပုံဆွဲနေကြသည်။ အလယ်လောက်မှာ ကျန်းမော့ချန်ဖုန်းက ရုတ်တရက်ထမြည်လာတာကြောင့် ထိုအခြေအနေကိုအခွင့်ကောင်းယူကာ ဆွဲလက်စလေးကိုင်ပြီး အခန်းထဲကထွက်သွားလိုက်လေသည်။ ချီချီဆွဲလို့မပြီးခင်အထိ ပြန်ဝင်မလာတော့ပါ။ ဆွဲလို့ပြီးချိန်မှ 'မင်းတို့ဆွဲလို့တောင်ပြီးပြီလား' ဆိုသည့် အံ့သြနေသော အမူအရာလေးဖြင့်ပြန်ပေါ်လာခဲ့သည်။

ယန်ချင်းချီကလည်း သူ့အားလှမ်းမခေါ်ခဲ့ပါ။ ပုံဆွဲသင်လို့အပြီးမှာတော့ အိမ်မပြန်ခင် ကျန်းမော့ချန်အိမ်မှာ ညစာထပ်စားခဲ့လေသည်။ ကျန်းမော့ချန်က သူ့ကိုကားမောင်းပြီး ပြန်ပို့မဲ့အချိန်မှာပဲ ယန်ချင်းချီက သူယူလာသည့်လက်ဆောင်များအား ချီချီကိုပေးလိုက်သည်။

သူက Rubik's Cubeကို ထုတ်ကာ ကလေးကိုပေးလိုက်ပြီး
'' ဒါဘာလဲသိလား ''

ချီချီက ခေါင်းငြိမ့်ပြကာ
''အံစာတုံး ''

''ဒါကိုဘယ်လိုဆော့ရလဲသိလား ''

ချီချီကခေါင်းဆက်ငြိမ့်ပြသည်။

''ဒါဆို ဒါလေးကိုအရင်ကစားနှင့် နောက်တခေါက်လာရင် ဘယ်လောက်တောင် ကောင်းကောင်းကစားနိုင်လဲ ကြည့်မယ် ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now