ကလေးလေးက နှုတ်ခမ်းလေးကို ဖွဖွလေးကိုက်ကာ ဆက်ရွှေ့နေသည်။ ဒါပေမဲ့ ချီချီ အကြာကြီးဂုဏ်မယူလိုက်ရ။ သူအလယ်ရောက်အောင် ခုန်ကူးပြီးတဲ့နောက်မှာတော့ ဆက်ခုန်လို့မရတော့ဘူးဆိုတာကို သိသွားသောကြောင့်ပင်။

ချီချီ နှုတ်ခမ်းလေးကို သတိမထားမိပဲ အားထည့်ကိုက်နေသည်မှာ နှုတ်ခမ်းလေးက ဖြူဖျော့လာသည်အထိပင်။ ယန်ချင်းချီက စိတ်ပူသွားသဖြင့် နှုတ်ခမ်းကိုဆက်မကိုက်ဖို့ပြောမဲ့အချိန်မှာပဲ ကလေးက သူ့ဘာသာသူလွှတ်လိုက်ကာ ပါးလေးကိုဖောင်းလိုက်ပိန်လိုက်ဆက်လုပ်နေပြန်သည်။ ဆက်သွားလို့မရတော့တာကြောင့် သူကစိတ်မကြည်မလင်ဟန်ဖြင့် ကျားစေ့လေးများကိုသူ့နေရာသူပြန်စီကာ ငြိမ်ငြိမ်လေးပြန်ထိုင်နေလိုက်သည်။ ထို့နောက် ဘာမှမပြောပဲ မျက်လုံးရွဲကြီးများနှင့် ယန်ချင်းချီအား ဆက်ကြည့်နေလေသည်။

ယန်ချင်းချီမှာ အော်ရယ်မိမလိုတောင်ဖြစ်သွားရသည်။ သူ ကောင်လေးအတွက် ခေါင်းကိုငုံ့ကာ နောက်တစ်ခေါက် တြိဂံပုံလေးဖြစ်သွားအောင်ပြန်ဆော့ပြလိုက်သည်။

ချီချီကလည်း ဘေးနားကနေတိတ်တိတ်လေးမှတ်နေသည်။ ယန်ချင်းချီအားလုံးရွှေ့ပြီးတဲ့နောက်မှာတော့ ကလေးကသူ့နေရာသူ ကျားစေ့လေးများကိုပြန်စီကာ ယန်ချင်းချီပြသည့် ခုန်နည်းအတိုင်း ခုန်ကြည့်နေသည်။ သို့သော်ငြား အဆင့်မြင့်ဖြေရှင်းနည်းကို ဘယ်လောက်ပဲ တဆင့်ချင်း ရွှေ့ပြပါစေ ကလေးက ကလေးပဲမဟုတ်ပါလား။ ခဏအကြာ နောက်တကွက်ကို ဘယ်လိုထပ်ရွှေ့ရမလဲ မေ့သွားပြန်လေသည်။ ကလေးလေးက သူမေ့သွားတဲ့အချိန် ဒါမှမဟုတ် အကွက်မှားရွှေ့မိတဲ့အချိန်တိုင်း ကျားစေ့အားလုံးကို အစကပြန်စီကာ ယန်ချင်းချီအား နောက်တစ်ခေါက် ပြန်လုပ်ပြဖို့ မျက်လုံးဝိုင်းကြီးများနှင့် ကြည့်နေမည်ဖြစ်သည်။

ချီချီ၏ ထပ်တလဲလဲ ရွှေ့ကြည့်နေသည့် ပုံစံလေးကိုကြည့်ကာ ချီချီအပေါ် နောက်ထပ်အမြင်သစ် တစ်မျိုးနှင့်မြင်လာရသည်။ သူ့ရှေ့က ကလေးလေးသည် သူထင်ထားသည်ထက် ပိုဉာဏ်ကောင်းနေသည်။ အစကထင်ထားတာက ကလေးက လိမ္မာပါးနပ်တယ်ပေါ့ သို့သော် အဲ့ထက်ပိုနိုင်သည်။ ကလေးက သာမန်ကလေးတွေထက် အကျိုးသင့်အကြောင်းသင့် တွေးခေါ်နိုင်ကာ ကိုယ့်စည်းကမ်းလေးနဲ့ကိုယ်နေတတ်သည်။ ဒီအရွယ်လေးနှင့်ပင် သူက သည်းခံစိတ်မြင့်မားကာ စိတ်ကိုထိန်းချုပ်နိုင်သည်။ အလောတကြီးမရှိပဲ တည်ငြိမ်သည်။ ချီချီ၏ ပြဿနာကို မရမချင်းထပ်ခါတလဲလဲ ဖြေရှင်းနေပုံလေးက သူငယ်ငယ်တုန်းကထက်တောင် ပို၍ စိတ်ရှည်နေသေးသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now