သူ့ဘဝတစ်လျှောက်မှာ မရေမတွက်မတွက်နိုင်သော ယောကျ်ားမိန်းမအစုံတွေ့ခဲ့ဖူးသည်။ သူ့ကိုဆွဲဆောင်မဲ့သူ သူ့ကိုလိုက်ပိုးမဲ့သူ သူ့ကိုကပ်ချင်တဲ့သူ ငယ်ရွယ်ပြီးဆွဲဆောင်မှုရှိတဲ့ ယောကျ်ားမိန်းမအစုံ သူ့တွင်ပြတ်လပ်မနေ။ ဒါပေမဲ့ ကျန်းမော့ချန်က မမြင်ဟန်ဆောင်ခဲ့ကာ shouနဲ့မှ အချစ်ဆိုသည့်အရာအား စတင်ထိတွေ့ခဲ့သည်။ ပြောရမယ်ဆိုရတော့ တစ်ခုခုဝင်ရောက်ပူးကပ်သွားသလိုပဲ။ Shouရဲ့ ဘယ်အရာက သူ့ကိုဘယ်လိုစိတ်ဝင်စားသွားစေတယ်ဆိုတာကတော့ ဘယ်သူသိမှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီယောကျ်ားက shou တွေ့တာနဲ့ပြေးပြီး shouအလိုကိုလိုက် အရာရာဖြည့်ဆည်းပေးနေတာကတော့ အမှန်တရားတစ်ခုပင်ဖြစ်သည်။

'မင်းမှာ သရုပ်ဆောင်ဖို့ သင့်တော်တဲ့ဇာတ်ကောင်မရှိဘူးလား ငါကူညီမယ်'

'မင်းမဂ္ဂဇင်းမျက်နှာဖုံးမရိုက်ရဘူးလား လာအတူတူရိုက်ရအောင်'

'မင်းကြော်ငြာတွေမရိုက်ရဘူးလား ငါ့ကိုကမ်းလှမ်းတာတွေခွဲပေးမယ်'

အဲ့လိုနဲ့ သူနဲ့ကြာပန်းဖြူလေးက onlineပေါ်မှာ fujoshiတွေ shipတဲ့ cpဖြစ်လာအောင် သူကိုယ်တိုင်ပဲဖန်တီးခဲ့သည်။

ခက်တာက သူဘယ်လောက်ပဲကောင်းပေး ကောင်းပေး ဒီ shou ကကြာပန်းဖြူလေ။ ကြာပန်းဖြူဆိုတဲ့နာမည်အတိုင်း ကြာပန်းဖြူလိုပဲပြုမူမှာပေါ့။ တဖက်မှာတော့ စီနီယာဆီကရလာမဲ့အချစ်တွေကိုမျှော်ကိုးပြီး ကျန်းမော့ချန်ဆီကလည်း ရတာယူမယ်။ အခြားတဖက်မှာတော့ 'ငါဒီလိုမလုပ်သင့်ဘူး' 'ငါသူ့ကိုမချစ်နိုင်ဘူး' 'ငါချစ်နေတာ သူမှသူ' ဆိုပြီး ဟိုမလွှတ် ဒီမလွှတ်နဲ့ သပွတ်အူလုပ်ကာ တဝါးဝါး အော်ငိုနေလိမ့်မယ်။

အဲ့နောက်မှာပဲ ကြာပန်းဖြူလေးက ပြည်ပထွက်ပြီး စီနီယာနောက်လိုက်သွားမှ ကျန်းမော့ချန်တစ်ယောက် ရင်နာနာနဲ့အားလုံးအဆုံးသတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့သည်။

မူလဇာတ်လမ်းသဘောအရဆိုရင်တော့ မူလပိုင်ရှင်က ကျန်းမော့ချန်အား ငြင်းဆန်ခဲ့သည်။ ကျန်းမော့ချန်က မူလပိုင်ရှင်အပေါ် ဘယ်လောက်ပဲခံစားချက်မရှိဘူးဆိုဆို ခဏခဏအငြင်းခံရပါများတော့ စိတ်အနှောက်အယှက်ဖြစ်လာသည်။ စိတ်ပြေလက်ပျောက်ဖြစ်အောင် အရက်သွားသောက်စဥ် ပြည်ပကကြာပန်းဖြူလေးနှင့်ထပ်အဆက်အသွယ်ရခဲ့သည်။ ကျန်းမော့ချန်က လက်ထပ်ဖို့ပြင်ဆင်နေသည်ကို ကြာပန်းဖြူလေးသိသွားတော့ 'အင်းပေါ့ ဘယ်သူကအခြေမကျချင်မှာလဲ သူကတော့ ဒီဘဝအခြေတကျမဖြစ်နိုင်လောက်တော့ဘူး ဒီဘဝတော့ ပြန်လာရင်တောင် မှီခိုစရာ အိမ်ဆိုတဲ့နေရာတစ်ခုမရှိလောက်ပါဘူး' ဟု အယောင်ယောင်အမှားမှားဖြစ်စေမည့် အရိပ်အခြေအချို့ပေးပြန်သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now