Chapter 82: Victory is perseverance!

Start from the beginning
                                    

ယဲ့ရှော်သည် Adidas အားကစားဝတ်စုံကိုဝတ်ထားပြီး သူ့ကိုကြည့်ရသည်မှာ နေတစ်စင်းကဲ့သို့ထွန်းလင်းတောက်ပကာ ချောမောခန့်ညားလွန်းလှသည်။

ဒါပေမယ့် သေချာဂရုတစိုက်ကြည့်ကြည့်မယ်ဆိုလျှင် ယဲ့ရှော်သည်  သူ့ရဲ့ အားကစားဝတ်စုံထဲတွင် ဂျာစီနဲ့ ဆွယ်တာအင်္ကျီကိုသာ ၀တ်ထားပေသည်။ သူ့အနေနဲ့ ပူလောင်ပြီးချွေးတဒီးဒီးကျသည်အထိ မပြေးဘူးဆိုရင်တော့ အအေးဒဏ်ကြောင့် တုန်ယင်နေမှာ သေချာပေသည်။

လော့ယန်ရဲ့လက်ကနေ ပစ်ခတ်လိုက်တဲ့ ဘောလုံးဟာ ပြေးထွက်သွားပြီးနောက် ပိုက်ခြင်းတန်းကို တိုက်ရိုက်ထိမှန်သွားတော့သည်။  ခြင်းထဲသို့ လုံးဝမဝင်ဘဲ မြေပြင်ပေါ်တွင်နှစ်ချက်မျှ ခုန်သွားပြီးနောက် ဘေးသို့ လှိမ့်သွားတော့သည်။

သူက ယဲ့ရှော်ကို အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်သည်။

"ဒီမှာမင်းဘာလုပ်နေတာလဲ? အရင်​တစ်ခါက​ပြောခဲ့တာကို မရှင်း​သေးဘူးထင်​တယ်​... ငါ့အနေနဲ့ မင်းနားလည်အောင် အဲဒါကို နောက်တစ်ခေါက်ထပ်ပြောပြဖို့လိုအပ်နေသလား?"

"ဟုတ်တယ်!  ပါမောက္ခလော့ အဲဒီနေ့ကဖုန်းဆက်တော့ လိုင်းကရုတ်တရက်ပြတ်ကျသွားတယ်လေ။ ကျွန်တော် 'ဟယ်လို' လို့အကြိမ်ကြိမ်ခေါ်နေတာတောင် ခင်ဗျားရဲ့အသံကိုရှင်းရှင်းလင်းလင်းမကြားရဘူး၊ ပြီးတော့ ဘာတွေများဆက်ပြောလိုက်သေးလဲ? ခင်ဗျားက ကျွန်တော့်ကို မင်းရဲ့ရည်ရွယ်ချက်ကဘာလဲလို့ မေးလိုက်သေးတဲ့ပုံပဲ။ ကျွန်တော့်ဘက်က အများကြီးပြောပြီးတာတောင် ခင်ဗျားဘက်က ပြန်မဖြေဘူးဆိုတာကို ကျွန်တော်သတိထားမိတယ်။  ပါမောက္ခလော့ ကို ဖုန်းပြန်ခေါ်ဖို့အတွက် ကျွန်တော်မှာလုံး၀စိတ်လောနေခဲ့ရတယ်။ ဒါပေမယ့် ပါမောက္ခလော့က ဖုန်းကိုဆက်ပိတ်ထားပစ်တယ်လေ။ ကျွန်တော်မှာ ခင်ဗျားကို ရက်အတော်အတန်ကြာအောင် မဆက်သွယ်နိုင်ခဲ့ဘူး။ ပါမောက္ခလော့၊ ခင်ဗျား ကျွန်တော့်ကိုစိတ်ဆိုးနေတာလား? ကျွန်တော်လေ ခင်ဗျားကို ရှာတွေ့ဖို့အတွက် ဘယ်လောက်တောင်စိတ်စောနေခဲ့ရတယ်ထင်သလဲ? ကျွန်တော့်မှာ ခင်ဗျားအပေါ် တခြား ရည်ရွယ်ချက်တွေမရှိပါဘူး ဆိုတာ ရှင်းမပြနိုင်မှာကို ကျွန်တော်စိတ်ပူတယ်။  ဆောင်းရာသီအားလပ်ရက်မှာ ခင်ဗျားဘာလုပ်မလို့လဲလို့ မေးခဲ့တာက ဆောင်းရာသီအားလပ်ရက်မှာ ကျွန်တော်လွတ်သွားတဲ့သင်ခန်းစာတွေကို ပြန်လည်ဖြည့်စွက်ပေးဖို့ ကူညီပေးချင်သလားလို့မေးချင်ခဲ့ရုံပါ"

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now