207+208+209

493 68 1
                                    

Hail The King
အပိုင်း(၂၀၇)

ထိုအော်သံနှင့် အတူသူတို့အားလုံးအ၀ေးတှငျ ရုန်းကန်နေသည့် ဆယ်ကျော်သက်လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။ သူၑပုခုံးမှားမှ မဟူရာစစ်သည်များသံချွန်များဖြင့်ထိုဖောက်ထားသဖြင့် ဒဏ်ရာများဖြင့်ပြည့်နှက်နေသည်။ ထိုလူငယ်မှာနာကြင်မှုကြောင့်ရူးသွပ်တော့မတတ်ပင်။ သူ၏အော်ဟစ်သံမှာလူတိုင်း၏နှလုံးသားကို ထိုးဖောက်သွားသည်။ သို့သော် ငိုကြွေးခြင်း၊ အသနားခံခြင်း၊ တို့မှာသက်ရောက်မှုအနည်းငယ်မျှပင်မရှိချေ။ မဟူရာစစ်သည်တို့၏ မျက်လုံးထဲတွင်ထိုကဲ့သို့အပြုမူများသည် ဖျော်ဖြေရေးအစီစဥ်တစ်ခုကဲ့သို့ပင်။

သနားစရာကောင်းသည့် လူငယ်မှာ မီတာ၂၀ခန့်ခရီးအား ဒရွတ်တိုက်ဆွဲခေါ်လာခြင်းခံရပြီး သွေးပေါင်းများစွာ စီးကျလျှက်ရှိ၏။

ကျောက်ရင်ပြင်ပေါ်သို့ ဆွဲခေါ်လာအပြီးတွင် လူငယ်အားစစ်သည်များသည် တိုင်တစ်တိုင်ပေါ်တွင် သံမဏိချိန်းကြိုးများဖြင့် ရက်စက်စွာချည်နှောင်လိုက်ကြသည်။ သံမဏိချိန်ကောက်များသည် လူငယ်၏ခန္ဓာကိုယ်ထဲတွင် နက်ရှိုင်းစွာဖြင့် စိုက်၀င်နေသည်။ တိုင်ပေါ်သို့ ချိတ်ဆွဲပြီးသည်နှင့်ချက်ချင်းပင် အရာရှိဟုယူဆရသူတစ်ယောက်သည် ထိုလူငယ်အားကြာပွတ်ဖြင့် ရိုက်နှက်တော့သည်။ ဤအခိုက်တံ့တွင် လူငယ်တွင် အသက်ငွေ့ငွေ့သာ ကျန်ရှိတော့၏။ သတိလွတ်မေ့မျှေလုဖြစ်ရင်း ကြပွတ်သူ၏ခန္ဓာကိုယ်အားနှိပ်စက်နေသည်ကို ခံစားနေရတော့သည်။ တစ်ကြိမ်နှစ်ကြိမ်ခန့်ပင် တုန်ခါသွားပြီး ဆူညံသံများပြုလုပ်ရန်အတွက် အားအင်မရှိတော့ချေ။

ဖှေးပို၍ပင် မျက်မှောင်ကြုံ့လိုက်မိသည်။

ဤအခိုက်တံ့တွင်။

"ဒီချမ်းဘော့ဒ်က ငနဲ...ငါသူ့ကိုအပြင်မှာ ခွေးစားဖို့ပဲထားလိုက်သင့်တယ်။ ဒီကောင်က အပျင်းထူရဲသေးတာပဲ..ငါဒီကောင့်ကိုအရေခွံလှန်ပြမယ်ကြည့်နေ"
အရာရှိမှာ အညှာတာကင်းမဲ့စွာဖြင့်ကြာပွတ်နှင့် ရိုက်နှက်ရင်း ဒေါသဖြင့်ကျိန်ဆဲနေ၏။ လူငယ်အား နှိပ်စက်ရသည်ကို လုံလုံလောက်လောက်ကျေနပ်သေးပုံမရချေ။ လူငယ်မှာ သေတော့မည်ဖြစ်သည်။

Hail the king(201-400)Opowieści tętniące życiem. Odkryj je teraz