291+292+293+294+295

478 49 0
                                    

Hail The King
အပိုင်း(၂၉၁)

စွမ်းအားအရဆိုပါက ဒိုင်လီသည် ရေပူစမ်းမြို့တော်ထဲတွင် လူငယ်မျိုးဆက်များထဲတွင် နံပါတ်၁စစ်သည်တစ်ယောက်နေဖြင့်ဂုဏ်သတင်းကြီးမားသော်လည်း သူသညျဆူတှနျနှငျ့အလှမျး၀ေးနဆေဲပငျ ဖြစ်သည်။

သူသည် ကြယ်ငါးလုံးစတင်သူအဆင့်သာရှိသေးပြီး သူ၏အစွမ်းထက်ဆုံးသိုင်းကွက်ကို ထုတ်သုံးသည့်အချိန်တွင်သူသည် ကြယ်ငါးလုံးအလယ်လတ်အဆင့်စစ်သည်တစ်ယောက်၏ထိခိုက်စေနိုင်မှုကို ဖန်တီးနိုင်စွမ်းရှိ၏။ ဖှေးဆူလ်တွန်နှင့် ရင်ဆိုင်နေရသည့်အချိန်တွင်မူ သူသည် ဘူးလ်-ခရေးတိ့စ်၏ ကလေးငယ်များချပ်၀တ်ကို ၀တျဆငျထားသောျလညျး ဆူတွန်၏သိုင်းကွက်ကြောင့် ဒဏ်ရာများရရှိခဲ့သည်။ သို့သော် သူဒိုင်လီနှင့်ရင်ဆိုင်ရသည့်အချိန်တွင်မူ သူ့အားအနိုင်ယူရန်အတွက်သူ၏စုံလိုက်ပစ္စည်းများကိုပင် ထုတ်သုံးရန်အတွက်လိုအပ်ခဲ့ခြင်းမရှိချေ။ ဒါလီအား လက်သီးချက်ပေါင်း၃၀ခန့်ကို ပေါင်းစည်းပြီးအနိုင်ယူခဲ့သည်။ ဒါလီသည် ဤတိုက်ခိုက်မှုကို ကာကွယ်နိုင်ခဲ့ခြင်းမရှိချေ။ ဤသည်မှာ ကွာခြားချက်ကို ပြသလိုက်ခြင်းပင်။

သို့သော် ဖှေး "မင်းတို့နှစ်ယောက်က အတူတူလောက်ပါပဲ"ဟု ပြောခဲ့ခြင်းမှာ သူတို့နှစ်ယောက်၏အစွမ်းများကို ဆိုလိုနေခြင်းမဟုတ်ပေ။ သို့သော် သူတို့၏ သာမန်လူများအပေါ်တွင်မာနထောင်လွှားသည့်အမူကျင့်ကိုသာဆိုလိုခြင်းဖြစ်၏။ သူတို့နှစ်ယောက်သည် ဆွေကြီးများကြီးမိသားစုများမှဖြစ်သောကြောင့် မာနထောင်လွှားနေကြခြင်းဖြစ်ပြီး ဖှေးထိုအရာကို မုန်းတီသည်။

သို့သော် ဒါလီသည် ဖှေး၏ဆိုလိုချက်ကိုနားမလည်ခဲ့ချေ။

ဤသည်မှာကောင်းကင်မှကျဆင်းလာသည့် ဖှေး၏ကောင်းကင်လက်သီးအစွမ်းဆိုစေကာမူ၊ ဖှေးမှော်ဆရာဇာတ်ကောင်အနေဖြင့် အသုံးပြုခဲ့သည့်ငရဲမီးတောက်အစွမ်းဆိုစေကာမူ၊ ပါလာဒင်ဇာတ်ကောင်းအနေဖြင့် ဖှေးအသုံးပြုခဲ့သည့် ကုသခြင်းအစွမ်းဆိုစေကာမူ ဒါလီသည်ဤအစွမ်းများကိုမြင်ပြီးထိတ်လန့်အံ့သြခဲ့ရသည်။ ဤအခိုက်တန့်တွင် ရေပူစမ်းမြို့တော်၏ လူငယ်များဆက်များထဲတွင်နံပါတ်၁စစ်သည်မှာ စိတ်ရှုပ်ထွေးနေ၏။ သူဖှေးမည်မျှအစွမ်းထက်သည်ကို ပြောနိုင်ခြင်းမရှိချေ။ သူအရိုက်ခံလိုက်ရပြီးနောက်တွင် သူ၏စိတ်ထဲတွင်ရှိသည့် ဖှေး၏စွမ်းရည်နှင့်ရာထူးဂုဏ်ရှိန်တို့မှာ ကောင်းကင်သို့ရောက်သည်ထိပင် ထိုးတက်သွားပြီဖြစ်သည်။ ထို့ကြောင့် ဖှေးသူနှင့်ဆူတွန်တို့မှာ အတူတူပဲဟုပြောခံလိုက်ရသည့်အချိန်တွင် သူစိတ်ဓာတ်ကျခြင်းမရှိချေ။ ထို့အစားသူအနည်းငယ်ပင် ပျော်ရွှင်လိုက်မိသည်။

Hail the king(201-400)Where stories live. Discover now