250+251+252

441 54 0
                                    

Hail The King
အပိုင်း(၂၅၀)

တောင်နှစ်လုံးထိပ်တွင်ဖြစ်သည်။

"ငါသိချင်တာက အဲ့ပဲရစ်လို့ခေါ်တဲ့အမျိုးသမီးက မင်းကို ငါ့ကိုရှင်းခိုင်းလိုက်လို့လား..." ဖှေးမေးလိုက်သည်။

သူ၏ ဒဏ်ရာများမှ သွေးများစီးကျလျှက်ရှိသည်။ လူရိုင်းဇာတ်ကောင်၏ရုပ်ပိုင်းဆိုင်ရာခွန်အားမှာ ကြီးမားလှသော်လည်း သူ၏ခန္ဓာကိုယ်ထဲတွင် စိမ့်၀င်နေသည့် ငွေသတ္တုစွမ်းအင်များကို ချက်ချင်းမဖယ်ရှားနိုင်သေးပေ။ ရေတွက်၍မရနိုင်သည့် ဓားသွားများသည် သူ၏ဒဏ်ရာများကို အဆက်မပြတ်လှီးဖြတ်နေသကဲ့သို့ပင်။

ကြောက်မက်ဖွယ်အတွင်းအားစွမ်းအင်များမှာ ယခင်တိုက်ပွဲဖြစ်ပွားသည့်အချိန်အတွင်းက ဖှေး၏ခန္ဓာကိုယ်အတွင်းသို့ ၀ငျရောကျသှားခဲ့၏။ ဤကဲ့သို့ကြောက်မက်ဖယ်ရန်သူနှင့်ရင်ဆိုင်နိုင်ရသည့်အချိန်တွင် ဒဏ်ရာမရရှိပဲတိုက်ခိုက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ခနတာ တိတ်ဆိတ်သွားပြီးနောက်တွင် ရွှေရောင်ချပ်၀တ်နှင့်သူရဲကောင်းမှာ နောက်ဆုံးတွင်ပြန်လည်ကာဖြေကြားလိုက်၏။

"လေဒီပဲရစ်က မင်းကို ပြသနာမရှာဖို့ငါ့ကိုတားခဲ့တယ်။ ဒါပေမယ့် တော်၀င်သူရဲကောင်းနန်းတော်က အထူးသူရဲကောင်းတစ်ယောက်အနေနဲ့ ငါကမင်းကို ပြသနာလာရှာဖို့အတွက် အကြောင်းပြချက်လိုသေးလို့လား..။ သနားစရာကောင်းတဲ့အရိုင်းစိုင်းကောင်ပဲ မင်းလုပ်ခဲ့တဲ့အရာတိုင်းက မင်းကို တော်၀င်သူရဲကောင်းနန်းတော်မှာ ကြိုးစင်တင်ဖို့လုံလောက်နေပြီ။"

"ဟားဟား ဟုတ်လား...။ ဒါပေမယ့် မင်းအခုလောလောဆယ်တော့ အဲ့လိုလုပ်နိုင်တော့မယ့်ပုံမပေါ်ဘူး..." ဖှေးပြုံးပြီးပြောလိုက်သည်။

သူပြောပြီးလျှင်ပြီးချင်းတွင် ထူးဆန်းသည့်အရာတစ်ခုဖြစ်ပျက်သွား၏။

"ချွတ်..."

တိုးညင်းသည့်အသံတစ်ခုသည် ကောင်းကင်နှင့် မြေကြီးတွင် ပဲ့တင်သွား၏။

ဆူတွန်၏ ရွှေရောင်လှံတံပေါ်တွင်အက်ကွဲကြောင်းအသေးလေးတစ်ခုပေါ်လာသည်။ ထို့နောက်တွင် အက်ကွဲသံများပို၍ပို၍ထွက်ပေါ်လာသည်နှင့် ဆူတွန်၏လှံပေါ်တွင်လည်း အစင်းရာပို၍ပို၍များလာတော့သည်။ တစ်စုံတစ်ယောက်သည် မှင်ဖြင့် လှံတံပေါ်တွင်အမဲရောင်အစင်းကြောင်းများကို ရေးဆွဲလိုက်သကဲ့သို့ပင်။ ထို့နောက်တွင် ချက်ချင်းပင် ဆူတွန်စျေးကြီးပေးကာထုလုပ်ခဲ့ပြီး အသက်ကဲ့သို့တန်ဖိုးထားခဲ့သည့် လှံရှည်မှာ ရုတ်တရက်မြေပေါ်သို့ပြုတ်ကျပြီး ကြေမွကာတိုက်ခတ်နေသော လေနှင့်အတူလွင့်ပါသွားတော့သည်။ ရွှေရောင်လိပ်ပြာများ စက္ကန့်အနည်းငယ်ကြာလေပေါ်တွင် ကခုန်ပြီး ပျောက်ကွယ်သွားသကဲ့သို့ပင်။

Hail the king(201-400)Where stories live. Discover now