331+332+333+334+335

286 26 0
                                    

Hail The King
အပိုင်း(၃၃၁)

ဖှေးချက်ချင်းပင် ပို၍သိချင်သွား၏။ ဤမှော်အစီရင်များကို ဇီးနစ်အင်ပါယာ၏အဆင့်မြင့်မှော်ဆရာတစ်ယောက်ယောက်စီရင်ထားမှန်း သူရိပ်မိလိုက်၏။

ဖှေး မှော်ဆရာဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး မှော်အစီရင်တစ်ခုနေရာချထားသည့်နေရာအနီးသို့လမ်းလျှောက်သွား၏။ ထို့နောက်တွင် သူ၏မျက်လုံးများကို မှိတ်လိုက်ကာ လေထဲတွင်ရှိနေသည့် မှော်စွမ်းအင်များကို အာရုံခံနိုင်ရန်အတွက် ကြိုးစားကြည့်လိုက်သည်။

အဆင့်၇စုံလိုက်ပစ္စည်းဖြစ်သည့် အာကိန်၏လှည့်စားမှုများ တိုးမြှင့်မှုကြောင့် ဖှေး၏မှော်ဆရာဇာတ်ကောင်မှာ ယခုအချိန်တွင် လယ်ဗယ်၃၉သို့ရောက်ရှိနေပြီဖြစ်၏။ လယ်ဗယ်၄၀လူရိုင်းဇာတ်ကောင်နီးနီးပင် စွမ်းအားမြင့်မား၏။ ဤဇာတ်ကောင်အနေဖြင့် ဖေး၏မီးစွမ်းအင်၊ ရေစွမ်းအင်နှင့် လျှပ်စီးစွမ်းအင်တို့အပေါ်တွင်အာရုံခံနိုင်မှုမှာ ဤကမ္ဘာပေါ်တွင်ရှိသည့် ပါရမီရှင်မှော်ဆရာများထက် များစွာပို၍ပင်မြင့်မားသည်။ အထူးသဖြင့် အပွငျကမ်ယာနှငျ့ ဒိုင်ယာဘလိုကမ္ဘာတို့ကြားတွင်ရှိသည့်မှော်ပညာဆက်နွယ်ချက်ကို အဖိုးကြီးကိန်းမှ ရှာဖွေတွေ့ရှိသွားသည့်အချိန်တွင်ဖြစ်၏။ ဖှေး၏မှော်အစီရင်များအပေါ်တွင်နားလည်မှုမှာ ပရော်ဖက်ရှင်နယ်တစ်ယောက်နီးနီးပင်မြင့်မားနေပြီဖြစ်သည်။ သူသည် အာကာရာနှင့် ကိန်းတို့ထံမှမြောက်များစွာသင်ယူထားသည့်အတွက်ကြောင့်ပင်။

မြင့်မားသည့်အာရုံခံနိုင်မှုနှင့် ပရော်ဖက်ရှင်နယ်အဆင့်ရှိ နားလည်ကျွမ်း၀င်မှုတို့ဖြင့် ဖှေးသည် မီးစွမ်းအင်မှော်အစီရင်ကို အာရုံခံကြည့်ရင်းဖြင့်မည်ကဲ့သို့တည်ဆောက်ထားသည်ကို စဥ်းစားကြည့်နေ၏။

"ဒါကကြယ်ခြောက်လုံးအဆင့် ခုခံမှုမှော်အစီရင်တစ်ခုပဲ...ဒီမှာ မှော်လမ်းကြောင်း၄၅ခု..အမ် မဟုတ်သေးပါဘူး မှော်လမ်းကြောင်း ၄၇ခုပါ၀င်တာပဲ။ အတော်ကျွမ်းကျင်တဲ့အစီရင်တစ်ခုပဲ။ ငါတောင်လှည့်စားခံလိုက်ရတော့မလို့။"

Hail the king(201-400)Where stories live. Discover now