321+322+323+324+325+326

510 54 3
                                    

Hail The King
အပိုင်း(၃၂၁)

VIPပွဲကြည့်စင်တွင်ရှိနေသည့် ဆွေကြီးမျိုးကြီးများစွာသည် ဖှေးအားအားကျစွာဖြင့် စိုက်ကြည့်နေကြ၏။

အင်ပါယာမြို့တော်အပေါ်တွင်ရှိသည့် မဟာဘုရားကျောင်း၏လွှမ်းမိုးနိုင်မှုမှာ အင်ပါယာတော်၀င်မိသားစုထက်မလျှော့နည်းလှချေ။ ရွှေကွတ်ထားသည့်ဖိတ်စာကတ်ရရှိခြင်းသည် ချမ်းဘော့ဒ်ဘုရင်သည် ဘုန်းတော်ကြီး၏စိတ်၀င်စားမှုကို ရရှိနေပြီဟူသည့်အဓိပ္ပာယ်ပင်။

မကြာမှီတွင် မဟာဘုရားကျောင်းမှ သူရဲကောင်းတပ်ဖွဲ့သည် မြင်းများဖြင့် ပြန်လည်ကာထွက်ခွာသွားကြတော့၏။

အလယ်တွင်ကာကွယ်ထားသည့်မှော်ရထားလုံးပါအပါ၀င်ဖြစ်၏။

တိုက်ပွဲစစဥ်က ရုတ်တရက်ရောက်ရှိလာမှုနှင့် ယခုပြန်လည်ကာထွက်ခွာသွားသည့်တိုင်အောင်ရထားလုံးအတွင်းတွင်ရှိနေသည့် အမည်မသိပုဂ္ဂိုလ်သည် ရထားလုံးအတွင်းမှထွက်ခွာလာခြင်းမရှိပေ။ ရလဒ်အနေဖြင့် ထိုလူသည် မဟာဘုရားကျောင်းမှ အရေးကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်နိုင်သည်ဟုသာယူဆနိင်ပြီး မည်သူဖြစ်သည်ကိုမူတိတိကျကျမပြောနိုင်ပေ။

မဟာဘုရားကျောင်းထွက်ခွာသွားခြင်းသည် လူအုပ်၏အားပေးသံများကို လျှော့ကျမသွားစေချေ။ တကယ်တန်းဆိုရပါက အားပေးသံများသည် ပို၍ပင်ကျယ်လောင်လာတော့၏။

ဖှေးလည်း ပြန်တော့မည်ပြင်ဆင်နေသည့်အချိန်တွင် ရုတ်တရက်...

"ချမ်းဘော့ဒ်ဘုရင် ကောင်းတယ်။ အတော်လေးကို ကောင်းပါတယ်။ အဖွဲ့၀င်နိုင်ငံ၂၅၀နိုင်ငံထဲမှာ မင်းကို အဆင့်၁လို့ကို ပြောလို့ရနေပြီ။ မင်းက နည်းနည်း သူရဲကောင်းနန်းတော်ကို ရန်သွားစမိသလိုဖြစ်ပေမယ့် နောက်ပိုင်းတွေမင်း ဂရုစိုက်ရင်တော့အဆင်ပြေမှာပါ။..." သိမ်းငှက်ပုံဦးဆောင်းတစ်ခုကို ၀တျဆငျထားသညျ့ အရပ်မြင့်မြင့်ခန့်ခန့်ညားညားလူငယ်တစ်ဦးသည် လေအတောင်ပံမှော်ပညာကိုအသုံးပြုပြီး စင်ပေါ်သို့ ပျံသန်းလာ၏။ သူသည်ဖှေးကို မာနထောင်လွှားသည့်အမူယာဖြင့်ခေါင်းငြိမ့်ပြလိုက်သည်။ သူသည် ဖှေးအားစိုက်ကြည့်လိုက်ပြီး "မင်းရဲ့စွမ်းအားက ငါ့ကို အံ့သြသွားစေတယ်။ မင်းက ဒီးန်မိသားစုကိုသာအလုပ်ကျွေပြုလိုမယ်ဆိုရင် ချမ်းဘော့ဒ်ဘုရင်မင်းရဲ့နာမည်ကလဲ အမြင့်တစ်နေရာထိရောက်သွားလိမ့်မယ်..."

Hail the king(201-400)Where stories live. Discover now