210+211

485 74 5
                                    

Hail The King
အပိုင်း(၂၁၀)

ပီးရာ့စ်၊ ဒရော့ဂ်ဘာနှင့် အိုလတ်ဂ်တို့မှာ ရှေ့သို့ခြေတစ်လှမ်းတိုးရုံရှိသေးစဥ်မှာပင် သူတို့၏အရှေ့တွင်ရှိနေသောရန်သူများအားလုံးသေဆုံးသွားပြီဖြစ်ကြောင်းကို သိရှိလိုက်ရသည်။ သူတို့အားလုံးကြောင်တောင်တောင်ဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။ လမ်းပါ့ဒ်သည်အရင်ဦးစွာ လှုပ်ရှားလိုက်သည့်အတွက် သူတို့အတွက်လုပ်စရာပင်မကျန်ရှိတော့ချေ။

လူငယ် လူကာမှာ ဖှေးနောက်ကျောမှ အသာချောင်းကြည့်လိုက်ပြီး သူမြင်တွေ့လိုက်ရသည့်အရာကြောင့်ကြက်သေသေသွားတော့သည်။

"မကောငျးဆိုးဝါး အယောက်လေးဆယ်က အကုန်သေသွားကြပြီလား..." လူငယ်မှာ သူ၏မျက်လုံးကိုပင်မယုံနိုင်ဖြစ်သွားသည်။

"လူတွေအားလုံးရင်ပြင်ပေါ်လာပြီး ခံစစ်ပုံပြင်ထားကြတော့။"

ဖှေးအော်ဟစ်အမိန့်ပေးလိုက်ပြီး အံ့သြနေသည့် လူငယ်အားရုတ်တရက်မချီကာ လေပေါ်သို့ပြန်တက်သွားသည်။ သူ၏အားလူတိုင်း၏ နားမှကြားလိုက်ရသည့်အချိန်တွင် သူသည်ရပ်နေသောနေရာမှ ပျောက်ကွယ်သွားပြီဖြစ်သည်။ ပုံရိပ်ယောင်အနည်းငယ်သာ ကျန်ရှိခဲ့တော့သည်။ ဖှေးအသံကိုကြားလိုက်ရသည့် ဆရာခြောက်ပါးမှာ ချက်ချင်းတပ်ဖွဲ့ထံသို့ ပြန်သွားကာ စစ်သည်များကို ရင်ပြင်သို့ခေါ်ဆောင်လာခဲ့သည်။ ဥပဒေပြုစစ်သည်အယောက်၁၀၀နှင့် သူတော်စဥ်စစ်သည်အယောက်၅၀တို့မှာ သံမဏိနံရံများကိုဖန်တီးကာ ပတ်၀န်းကျင်သို့သတိကြီးကြီးထားပြီး အသင့်အနေထားဖြင့်ရှိနေကြ၏။

"မင်းပြောတဲ့ အဖိုးဇိုလာဆစ် စီကို ငါ့ကိုခေါ်သွားပေး။"

ဖှေး၏တည်ငြိမ်သောအသံကို လူငယ်၏နားထဲတွင်ရှင်းလင်းစွာကြားလိုက်ရသည်။ သို့သော် ပုန်းကွယ်ထားသည့် ဒေါသကိုလည်းလူငယ်ကြားလိုက်ရသည်။ ဤလူငယ်အား အံ့ဩစေသည်မှာ သူ၏မျက်လုံးရှေ့တွင်ရှိနေသည့် မြင်ကွင်းများမှာ လျှင်မြန်စွာပြောင်းလဲနေခြင်းပင်။ လူငယ်မှာ သူသည် ယခုကဲ့သို့ လေပေါ်တွင်ပျံသန်းနေရမည်ဟု တစ်ခါမှပင်မတွေးဖူးချေ။ ဖှေး၏စွမ်းအားများကြောင့် လူသေချာစွာပင်ထိတ်လန့်အံ့သြလျှက်ရှိနေ၏။ သူဖှေး၏မေးခွန်းကို ကြားသည့်အချိန်တွင လျှင်မြန်စွာပင် လမ်းကြောင်းကိုညွှန်ပြလိုက်သည်။

Hail the king(201-400)Onde histórias criam vida. Descubra agora