286+287+288+289+290

351 49 0
                                    

Hail The King
အပိုင်း(၂၈၆)

ဤအခိုက်တန့်တွင် အပြောင်းလဲတစ်ခုဖြစ်ပျက်သွားသည်။

ရုတ်တရက်ပင် ကြမ်းတန်းသည့် မီးတောက်များမှာ မီးတောက်သားရဲတစ်ကောင်ဟိန်းဟောက်လိုက်ရာမှ ထွက်ခွာလာပြီးဖှေးထံသို့ပျံသန်းလာတော့သည်။ ဤမီးတောက်မျာသည် ဖှေး၏ လက်သီးပစ်ချက်နှင့် ၀ငျတိုကျလိုကျတာ့သညျ။ အဖျက်စွမ်းအားကြီးသည့်စွမ်းအင်နှစ်ခုတွေ့ဆုံလိုက်မိကြပြီး အချိန်များရပ်တန့်သွားသည့်အတိုင်းပင်။ ထို့နောက်တွင် ပေါက်ကွဲရာမှထွက်ပေါ်လာသည့်စွမ်းအင်လှိုင်းမျာသည် နေရာအနှံ့သို့ပြန့်နှံ့ကုန်တော့၏။

ထို့နောက်တွင် မီးတောက်သားရဲမှာအော်ဟစ်လိုက်ပြီး ပျောက်ကွယ်သွားတော့သည်။

လက်သီးရာမှ မှေးမိန်သွားသည်။ သို့သော်လည်း အောက်သို့ဆက်လက်ကျဆင်းနေဆဲပင်။ ထိုလက်သီးချက်မှာ အန်ဒရူး၏ခန္ဓာကိုယ်ပေါ်သို့ကျဆင်းသွားပြီး အန်ဒရူး၏ခန္ဓာကိုယ်သည်လည်းအနာက်သို့လွှင့်ထွက်သွားတော့၏။ သူ၏ခန္ဓကိုယ်ထဲတွင်ရှိသည့် အရိုးများစွာကြေမွသွားသကဲ့သို့ အရိုးကြိုးကျေသည့်အသံများလည်းထွက်ပေါ်လာတော့သည်။

တစ်ချိန်တည်းမှာပင် လူတစ်ယောက်သည် တိုက်ပွဲနေရာသို့၀င်ရောက်လာ၏။

ဤလူသည် ဇီးနစ်အင်ပါယာ၏ ငွေရောင်ခေါင်းဆောင်ချပ်၀တ်တစ်ခုကို၀တ်ဆင်ထားသည်။ ညင်သာသည့်မှော်စွမ်းအင်များသည်လည်း ချပ်၀တ်အပေါ်မှတောက်ပ နေလျှက်ရှိသည်။ ဤလူ၏မျက်နှာပေါ်တွင်တည်ကြည်သည့်အမူယာတစ်ခုရှိနေ၏။ သူ၏အတွင်းအားစွမ်းအင်များသည် ခန်ဓာကိုယျတဈ၀ိုကျတှငျပါးလှှာသညျ့မီးတောကျမြားအနဖွေငျ့ ဖုံးလွှမ်းနေလျှက်ရှိပြီး သူ၏ခန်ဓာကိုယျတဈ၀ိုကျတှငျရှိနသေညျ့ မြူခိုးများသည်လည်း မြင့်မားသည့်အမူချိန်ကြောင့်ပျောက်ကွယ်သွားတော့သည်။ ပတ်၀န်းကျင်သည်ချက်ချင်းပင်ရှင်းလင်းသွားပြီး ဤလူသည်နတ်ဘုရားသို့မဟုတ် နတ်ဆိုးတစ်ပါးကဲ့သို့ပင်။

သို့သော် အက်ကွဲကြောင်းများစွာသည် သူ၏ပခုံးချပ်၀တ်များပေါ်တွင်ပေါ်လာ၏။ သူလှုပ်ရှားလိုက်သည့်အချိန်တွင် ချပ်၀တ်အပိုင်းစများသည်အောက်သို့ပြုတ်ကျသွားပြီး အနီရင့်ရောင်အရည်များအဖြစ်သို့ပြောင်းလဲသွားတော့သည်။

Hail the king(201-400)Where stories live. Discover now