242+243+244+245+246

515 62 1
                                    

Hail The King
အပိုင်း(၂၄၂)

သူမနေနိုင်ပဲ ချမ်းဘော့ဒ်ဘုရင်၏တဲထံသို့ကြည့်လိုက်မိသည်။ မှောင်နေဆဲဖြစ်သည့်အတွက် ချမ်းဘော့ဒ်ဘုရင်သည် သူ၏ဇနီးကိုဖက်ကာ အိပ်နေလောက်ပြီဟု မန်နေဂျာတွေးလိုက်မိသည်။ ချမ်းဘော့ဒ်ဘုရင်က ဒီလိုအခြေအနေမျိုးမှာတောင် ဘယ်လိုလုပ်ပြီး အေးဆေးအိပ်နေနိုင်သေးတာပါလိမ့်။

"ငါချမ်းဘော့ဒ်ဘုရင်ကိုပဲ အာရုံစိုက်နေတာများသွားပြီး သူ့ဘေးမှာရှိတဲ့တစ်စုံတစ်ခုကို လျစ်လျူရှုမိသွားတာထင်တယ်။ ချမ်းဘော့ဒ်တိုင်းပြည်က တကယ်ပဲစိတ်၀င်စားစရာကောင်းလာပြီပဲ...ငါဥက္ကကြီးကို အဲ့အစီစဥ်ကို တကယ်ပဲအကောင်ထည်ဖော်ဖို့တိုက်တွန်းသင့်ပြီလားမသိ..."

ဆိုရိုကုန်သွယ်ရေးအဖွဲ့မှ လူတိုင်းသူတို့၏တဲများထံသို့ ပြန်ကုန်ကြသည်။

တဲများ၏အပြင်ဘက်တွင် ဝံပုလှအေသကေောငျမြားဖွငျ့ပွညျ့နကျနသေညျ။ လေဝံပုလှမြေားမှာ မှောင်သားရဲအမျိုးစားတစ်မျိုးဖြစ်သည့်အတွက် သူတို့၏ခန္ဓာကိုယ်တွင် မှော်သလင်းကျောက်များပါ၀င်သည်။ သို့သော် အဆင့်နိမ့်မှော်သားရဲတစ်ကောင်တွင်ပါ၀င်သည့် မှော်တလင်းကျောက်များမှာ သိပ်ပြီးတန်ဖိုးမရှိလှချေ။ ထို့အပြင် ဝံပုလှမြေားကို ချမ်းဘော့ဒ်ဘက်မှလူငယ်တစ်ယောက်တည်းကသာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည့်အတွက် ထိုအရာများကို သွားရောက်ကောက်ယူပါက သင့်တော်မည်မဟုတ်ပေ။

တိုးရိစ်နှင့် အိုလတ်ဂ်တို့သည် ကျောက်တုံးပေါ်မှခုန်ဆင်းပြီး ဝံပုလှသေမြေားထံသို့ လမ်းလျှောက်သွားကြသည်။

အိုလတ်ဂ်သည် အလောင်းများမှ မြှားချောင်းများကိုပြန်လည်ဆွဲနုတ်ပြီး မြှားကျည်တောက်ထဲသို့ပြန်ထည့်သည်။ တစ်ချိန်တည်းမှာပင် ဝံပုလှမြေား၏ဦးခေါငျးခှံထဲတှငျရှိနသေညျ့ မှော်သလင်းကျောက်ကိုဓားဖြင့်ကလော်ထုတ်ကာ သူ၏အိတ်ကပ်ထဲသို့ထည့်လျှက်ရှိသည်။ အိုလတ်ဂ်သည် အလွန်ရူးသွပ်သည့်ပုဂ္ဂိုလ်တစ်ယောက်ပင်။ ဖှေးထံမှ ကန်ဆာဂုဏ်သတ္တိကြယ်တာရာရာထူးကိုချီးမြှင့်ချင်းခံထားရသည့်အတွက် အထူးသဖြင့်ညဘက်ပိုင်းတွင် သူသည် အလောင်းများကိုကိုင်တွယ်ရပါက စိတ်လှုပ်ရှားပျော်ရွှင်လာတတ်၏။

Hail the king(201-400)Where stories live. Discover now