218+219+220+221+222

536 70 1
                                    

Hail The King
အပိုင်း(၂၁၈)

"...."

မြင်းအော်သံနှင့်အတူ မြက်ခင်းပေါ်တွင်မေ့မြောနေခဲ့သည့် မဟူရာတိုင်းပြည်ဘုရင်မှာ ခေါင်းထောင်ကာကြည့်လိုက်သည်။ အန္တရာယ်တောထဲတွင်သူ့အားပစ်ထားခဲ့သ
ည့်အစောင့်မှာ ပြန်လည်ကာရောက်ရှိလာသည်။

"အရှင်မင်းကြီး အရှင်...အဆင်ပြေရဲ့လား..."

အစောင့်စစ်သည်မှာ သူ၏ဦးဆောင်းကိုချွတ်လိုက်ပြီး ငယ်ရွယ်နုပျိုသည့်မျက်နှာကိုပြသလိုက်သည်။ အကြောက်တရားကြောင့် သူ၏အမဲရောင်ဆံပင်များမှာ စိုစွတ်ပြီး
ရှုပ်ပွနေသည်။ သူ၏အသံမှာ ဘုရင်အားသစ္စာခံထားသည့် လူတစ်ယောက်၏အသံနေအသံထားမျိုးမဟုတ်သော်လည်း ဘုရင်အားအန္တရာယ်ထဲတွင် ချန်ထားခဲ့မိသ
ည့်အတွက် နောင်တရနေသည့်ဟန်ရှိသည်။

"ဟင်း...ငါမသေပါဘူး..."

မဟူရာဘုရင်မှာ မြက်ခင်းပေါ်တွင် ဖြေးညင်းစွာဖြင့်ထထိုင်လိုက်သည်။ သူသည် လက်ရှိအခြေအနေတွင် မသေသေးသော်လည်းကြောက်လန့်နေဆဲဖြစ်သည်။ သူ
၏အရှေ့တွင်ရှိနေသော်လူငယ်အား မကျေမနပ်သော်လည်း သူ့ကိုယ်သူကောင်းမွန်စွာထိန်းချုပ်လိုက်သည်။ သူဖှေးပျောက်ကွယ်သွားသည့်နေရာအား စိုက်ကြည့်နေရ
င်းဖြင့် မကြုံဖူးသေးသော အမုန်းတရားနှင့် ရက်စက်ကြမ်းကြုတ်တို့မှုနှင့်အတူပြောလိုက်သည်။ "ချမ်းဘော့ဒ်ဘုရင် ဒီတစ်ခေါက်တော့ငါသေမသွားဘူး...ဟီးဟီး
မင်းဒါကို နောင်တရရလိမ့်မယ်။ မဟူရာတိုင်းပြည်ရဲ့ဘုရင်တစ်ပါးအနေနဲ့တစ်နေ့ကျရင် မင်းရဲ့နန်းတော်ကိုသိမ်းပိုက်ပြီး မင်းချစ်တဲ့လူတွေကိုမင်းရှေ့မှာတင်သတ်ပြမ
ယ်လို့ ကတိပေးတယ်...မင်းအသက်ရှင်လာခဲ့တာတောင် နောင်တရသွားစေရမယ်.."

"ထူဆန်းတယ်...ချမ်းဘော့ဒ်ဘုရင်က ဘာလို့ဒီတိုင်းပဲထွက်ခွာသွားတာလဲ..." လူငယ်မှာ တီတိုးကာရေရွတ်လိုက်သည်။

"ဘာမှမထူးဆန်းပါဘူး...အဲ့စောက်ပိန်းက ကမူးရှူးထိုးဆိုပေမယ့် အသိဉာဏ်တော့ရှိသေးတယ်...သူငါ့ကို သတ်ရင်ဘာဖြစ်သွားမလဲဆိုတာကိုသိတယ်လေ..
.အေးအဲ့ကောင်က ငါ့ကိုမသတ်ရဲပေမယ့် ငါကတော့တစ်နေ့ကျရင်အဲ့ကောင်ကိုသတ်ကိုသတ်မယ်..."

Hail the king(201-400)Where stories live. Discover now