316+317+318+319+320

321 46 2
                                    

Hail The King
အပိုင်း(၃၁၆)

အဆင့်၃ပါးကွပ်သားသူရဲကောင်း၏မျက်နှာသည် အရောင်ပြောင်းလဲသွား၏။

အဆင့်၂ပါးကွပ်သားသူရဲကောင်း၏ ရည်ရွယ်ချက်မှာထင်ရှားသည် သူသည် ဤတောက်ပလာစကြယ်ပွင့်ကို ဖျက်ဆီးပစ်လိုနေခြင်းပင်။

သို့သော် မည်သည့်အချိန်က ဖှေးသည် ဤအဆင့်၂ပါးကွပ်သားကို စော်ကားမိခဲ့သနည်း။

ရွှေရောင်နေမင်းသူရဲကောင်းကို အနိုင်ယူခဲ့စဥ်ကလား။ ဤသည်မှာလည်းမဖြစ်နိင်ချေ။ လူတော်တော်များများသိသည့်ကိစ္စမဟုတ်သော်လည်း အဆင့်၃ပါးကွပ်သားသူရဲကောင်းမှာ ထိုနှစ်ယောက်ရင်းနှီးခြင်းမရှိသည်ကို သိရှိသည်။ ဆူလ်တွန်သည် ပါးကွပ်သားသူရဲကောင်းတစ်ယောက်ဖြစ်ကာစ မာနထောင်လွှားသည့်ကလေးတစ်ယောက်သာဖြစ်နေသေးသောကြောင့်ပင်။ ထို့ကြောင့်အဆင့်၂ ပါးကွပ်သားသူရဲကောင်းသည် ဆူလ်တွန်အတွက် လက်တုန့်ပြန်လိုနေခြင်းလဲဖြစ်နိုင်သည့်ပုံမပေါ်ချေ။

ဤကဲ့သို့ဆိုပါက မေးခွန်းတစ်ခုထွက်ပေါ်လာ၏။

မည်သည့်အကြောင်းပြချက်ကြောင့်ဆိုသည်ပင်။

အဆင့်၃ပါးကွပ်သားသူရဲကောင်းမှာ မစဥ်းစားနိုင်ဖြစ်နေ၏။

သို့သော် သူသည် ဤဘုရင်ငယ်ကို ကယ်တင်ရမည်ကိုမူ သေချာသိရှိ၏။

ဤသည်မှာ သူသည်ဤလူငယ်ကို သဘောကျခြင်းကြောင့်သာမဟုတ်ပေ။

အင်ပါယာ၏လက်ရှိအခြေအနေသည်လည်း ဤလူငယ်အားလိုအပ်နေသောကြောင့်ပင်။

အင်ပါယာအတွင်းနိုင်ငံရေးအခြေအနေများမှာ တစ်နေ့ထက်တစ်နေ့ပိုပြီးရှုပ်ထွေးလာလျှက်သာရှိနေ၏။ အင်ပါယာအရှင်သခင်ယရှင်းသည် အသက်ကြီးပြီးအိုမင်းလာသည်နှင့်အမျှ မင်းသားများထဲတွင်ရှိသည့် ထီးနန်းလုတိုက်ပွဲများမှာလည်း ပို၍ပင်ပြင်းထန်လာ၏။ ဆွေကြီးမျိုးကြီးမိသားစုများနှင့် ၀နျကွီးမြားသညျလညျး သူတို့နှစ်သက်ရာမင်းသာတစ်ပါးဘက်တွင်နေကာ အနာဂတ်အကျိုးစီးပွားကို မျှော်ကိုး ၍အစွမ်းကုန်ထောက်ပံ့ပေးလျှက်ရှိသည်။ အင်ပါယာအတွင်းကိစ္စများအပြင် ဇီးနစ်အင်ပါယာ၏ ရန်သူဖြစ်သည့် စပါတတ်အင်ပါယာသည်လည်း နယ်စက်တွင် စစ်ပြင်နေပြီဖြစ်ပြီး ဇီးနစ်အင်ပါယာကို စစ်ကြေငြာရန်အတွက် အဆင်သင့်ဖြစ်နေပုံရ၏။

Hail the king(201-400)Where stories live. Discover now