216+217

460 62 1
                                    

Hail The King
အပိုင်း(၂၁၆)

သို့သော်....

"ဟားဟား ငါကမင်းတို့ရောက်မလာမှာကိုတောင် စိုးရိမ်နေတာကွ..."

ဖှေးမှာ ဤတိုက်ခိုက်မှုအားရင်ဆိုင်ရန်အတွက် အဆင်သင့်ဖြစ်နေပြီမှာ ကြာပြီဖြစ်သည်။ သူချက်ချင်းပင် အမေဇုန်ဇာတ်ကောင်အဖြစ်သို့ ပြောင်းလဲလိုက်သည်။
လေထဲတွင် လက်များအားဆုပ်ကိုင်လိုက်သည့်အချိန်တွင် သိမ်းငှက်တောင်ပံကဲ့သို့ပုံစံရှိသည့် လေးတစ်ချောင်းသည် ဖှေးလက်အတွင်းသို့ရောက်ရှိလာသည်။ လေး
ခန္ဓာကိုယ်မှာ သွယ်လျှပြီးအနုစိတ်ကာပြင်ဆင်ထားပြီး အနီရောင်ကြေးခွံကဲ့သို့ ကနတ်များဖြင့်အလှဆင်ထားသည်။ ဤကဲ့သို့သော လေးတစ်လက်သည် သူလက်
အတွင်းသို့ လေထုထဲမှနေ၍ပေါ်ပေါက်လာသည်။ သူ၏ဘယ်လက်သည် လေးကြိုးအားဆွဲတင်လိုက်သည်နှင့်အတူ မှော်စွမ်းအင်များပြည့်၀နေသည့် အနီရောက်
မှော်မြှားတစ်လက်မှာ ပေါ်ပေါက်လာတော့သည်။

"ဖျောင်း..."

ဖှေး၏ဘယ်ဘက်လက်မှာ ၀ေဝါးသှားပွီး လေးကြိုးမှာ မိုးကြိုးပစ်သံကဲ့သို့အသံများမြည်ဟည်းသွားသည်။ ထို့နောက်တွင် အနီရောင်မှော်မြှားများစွာသည့် လေးမှ
ကျည်ဆန်များကဲ့သို့ထွက်ခွာသွားတော့သည်။ သုံးစက္ကန့်အတွင်းမှာပင် ဖှေးသည် မြှားအချောင်းရေ၁၂၀ခန့်ကို ပစ်လွှတ်ပြီးဖြစ်သည်။

ဤသည်မှာ အမေဇုန်ဇာတ်ကောင်၏ မြှားအစွမ်းတစ်ခုပင်။

မကြာမှီအချိန်တွင်

"ဖုန်း..."

ပေါက်ကွဲသံများသည် အ၀ေးတဈနရောမှထှကျပေါျလာတော့သညျ။ မြှားများမည်သည့်နေရာကို မှန်သွားသည်ဆိုသည်ကိုမသိသော်လည်း ကျောက်နံရံများကို ထိုး
ဖောက်သွားပြီးနောက်တွင် ပေါက်ကွဲမှုများစွာကိုဖြစ်ပေါ်စေလိုက်သည်။ မတူညီသောဓာတ်များပါ၀င်နေသည့် မှော်စွမ်းအင်လှိုင်းများသည် နာကျဥ်စွာအော်ဟစ်သံများနှ
င့်ထွက်ပေါ်လာတော့သည်။

လမ်းပါ့ဒ်နှင့် တစ်ခြားလူများသည် ဖြစ်ပျက်နေသည်များကို ချက်ချင်းပင်နားလည်သွားတော့သည်။ အရှင်မင်းကြီး၏ လျှင်မြန်စွာတုန့်ပြန်လိုက်ခြင်းသာမရှိပါက ရန်
သူများသည် အားဖြည့်ထားသည့် မှော်တိုက်ခိုက်မှုများကို အောင်မြင်စွာဖြင့် ပစ်လွှတ်နိုင်ကြတော့မည်ဖြစ်သည်။ ထိုကဲ့သို့ မှော်တိုက်ခိုက်မှုများပစ်လွှတ်လိုက်ပါက
ချမ်းဘော့ဒ်တပ်ဖွဲ့ဘက်မှ သေဆုံးမှုများရှိလာမည်မှာ မလွဲဧကန်ပင်။ ဖှေး၏ အပစ်ကင်းသောမြှားပစ်အစွမ်းများကြောင့်လူတိုင်းထက်မံ၍ အံ့ဩရပြန်တော့သည်။
ဤသည်မှာ ဖှေးသည် အားနည်းသည်ဟုဆရာများစွာက သတ်မှတ်ထားသည့် လေးနှင့်မြှားကိုအသုံးပြု၍တိုက်ခိုက်သည်ကို ပထမဆုံးအကြိမ်အနေဖြင့်မြင်ဖူးခြင်းဖြ
စ်သည်။ ကောင်းမွန်စွာကျင့်ကြံပါက ဘုရင်မင်းမြတ်၏လက်ထဲတွင် ဤကဲ့သို့စွမ်းအားမြင့်တိုက်ခိုက်မှုကို မွေးဖွားလာနိုင်သည်။ ပုန်းကွယ်နေကြသည့်် မှော်ဆရာ၁
၀ယောကျခနျ့ကိုပငျ ချက်ချင်းသတ်ဖြတ်ပစ်နိုင်စွမ်းရှိသည်။ ဤသည်မှာ ဥပဒေပြုတပ်ဖွဲ့မှ လေးသည်တော်များကို များစွာစိတ်အားထက်သန်လိုက်စေသည်။ သူ
တို့အားလုံးလေးများကို တင်းကြပ်စွာဖြင့် အမြတ်တနိုးဆုပ်ကိုင်ထားလိုက်ကြသည်။

Hail the king(201-400)Where stories live. Discover now