လီချီယွီ အံ့အားသင့်သွားသည်။

စုမင်သည် ကုလားထိုင်ပေါ်တွင် မတ်တပ်ရပ်နေပြီး အစက ပန်းအိုးနှင့် အရပ်အမြင့်တူသောကြောင့် ကုလားထိုင်ပေါ်တွင် မတ်တပ်ရပ်စဥ်အရာအားလုံးကို မြင်နိုင်သွားသည်။

ပန်းအိုးအတွင်း၌ မှောင်မည်းနေ၏။

ပြီးတော့ ထိုအမှောင်ထုကြီးထဲတွင် လူသေခန္ဓာကိုယ်ရှိနေသည်။

ဘာလို့လူသေခန္ဓာကိုယ်လို့ခေါ်ရလည်းဆိုတော့ စုမင် ဒီလူကိုအရင်ကမြင်ဖူးတာမို့လို့ပဲ ... ထိုလူက ဒီနေ့စားသောက်ဆိုင်မှာ ရေမှော်ရွက်စားခဲ့သည့်လူဖြစ်သည်။

သူ့မျက်နှာက အလွန်ဖြူဆုတ်နေပြီး သေတာအတော်ကြာပြီနဲ့တူသည်။

သို့သော် ဒီမနက်တုန်းနဲ့ဆိုသိပ်မကြာသေးပေ။ ဒီလူသေတာဘယ်လောက်ကြာပြီလဲ သူမသိသလို ဤပန်းအိုးထဲဘယ်လိုအဆုံးသတ်လဲဆိုတာ သူမသိပေ။

ပန်းအိုးရဲ့ လည်တိုင်က အရမ်းမကြီးသလို လူတစ်ဦး အံမဝင်နိုင်သော်လည်း ပန်းအိုး၏အတွင်း၌ လူသေအလောင်းကို တွေ့ရှိခဲ့သည်။

အလောင်းကတစ်စုံတစ်ခုလုပ်မည် စိုးသဖြင့် စုမင်အမြန်ပဲခုံပေါ်မှဆင်းလိုက်သည်။

သူ့မျက်နှာအမူအယာကိုမြင်တော့ လီချီယွီမစူးစမ်းဘဲ မနေနိုင်တော့ပေ .."အထဲမှာ ဘာမှမရှိဘူးလား?"

"ရှိတယ် ... လူသေခန္ဓာကိုယ်" စုမင်ပြောလိုက်တယ်။

လီချီယွီ: "အို့ ... အဲ့ဒါဆို သွားကြ——-"

သူ့စကားတစ်ဝက်၌ ရုတ်တရက်တုံ့ပြန်လာတယ် .."ဘာပြောလိုက်တယ်? လူသေခန္ဓာကိုယ်?! အဲ့ထဲမှာလူသေရှိနေတယ်?"

စုမင်ခေါင်းငြိမ့်ပြီး .."စားသောက်ဆိုင်က လူပဲ"

သူ ရေမှော်ရွက်ကိုစားပြီး ဆံပင်မွှေးအမျှင်တွေကို ဆွဲထုတ်ပြီးမှ ဒီမှာပဲ သေဆုံးသွားခဲ့တာလား?

ကျောင်းထောင်ကျီး .."ရဲခေါ်ရအောင်"

သူမဖုန်းထုတ်ပြီး ရဲကိုဖုန်းခေါ်လိုက်ပေမဲ့ မိနစ်အနည်းငယ်ကြာသည်ထိ ဖုန်းမြည်နေသော်လည်း ဘယ်သူမှဖြေကြားမယ့်သူမရှိပေ။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now