အတွင်းပိုင်းက ဗလာဟင်းလင်းဖြစ်ကာ သူဘာအရာမှမထိမိပေ .."ကြည့်ရတာ ဘာမှမရှိပုံပဲ ... ငါတို့တွေ အတွေးလွန်နေတာ ဖြစ်နိုင်လောက်တယ်"

သူပြန်ထုတ်မည့်အချိန် ရုတ်ခြည်းလက်တစ်ဖက်က သူ့ကိုလှမ်းဆွဲလာတယ်။

လီချီယွီတုန်လှုပ်သွားပြီး သူ့လက်ဆွဲခံရ၍ သူ့ခန္ဓာကိုယ်တစ်ခုလုံး ပန်းအိုးထဲကျလုနီးပါးဖြစ်ကာ လဲ့လင်းလျင်မြန်စွာ တုံ့ပြန်ပြီး လက်က အထဲရောက်ရှိသွားတော့ အေးစက်သောလက်နှင့် ဆက်သွယ်မိသွားသည်။

သူမသည် အင်အားအနည်းငယ်သုံးလိုက်၍ နာကျင်ပုံရပြီး လက်က နောက်သို့ဆုတ်ခွာသွားသည်။

ဒါကို လီချီယွီအံ့သြသွားမိသည်။  ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားကာ မြေပြင်ပေါ်သို့လဲကျလုနီးပါး ဖြစ်ခဲ့သော်လည်း ပန်းအိုးသည်မလှုပ်မရှားဘဲ ကျန်ရှိနေသည်။

စုမင်ကူမပေးပြီး .."လျှောက်မရှုပ်နဲ့လို့ မင်းကိုပြောသားပဲ"

လီချီယွီ သူ့လက်သူပွတ်ပြီး .."သာမန်လေးပဲ ငါထင်ခဲ့တာ ... ရုတ်တရက်လက်ကြီးထွက်လာမယ်လို့ မမျှော်လင့်ထားဘူး ... လန့်လို့သေတော့မယ်"

အလွန်ကြောက်စရာကောင်းသည်။ ‌မသိရင် သေမင်းက သူ့ကိုဖမ်းဆွဲလိုက်သလိုပဲ။

စုမင် .."အခု မင်းသင်ခန်းစာရသွားပြီပေါ့"

ဧည့်ကြိုခန်းပတ်ပတ်လည်ကို သူကြည့်ပြီးနောက် စားသောက်ဆိုင်ခန်းထဲဝင်သွားပြီး ထိုင်ခုံဖြင့်ပြန်ရောက်လာကာ ခုံကို ပန်းအိုးဘေးနားချလိုက်သည်။

စုမင်ရှင်းပြ၏ .."ငါတက်ပြီးကြည့်ကြည့်မယ် ... တစ်ခုခုဖြစ်တာနဲ့ ငါ့ကိုဆွဲလိုက်"

လီချီယွီ သူ့ကိုတားဖို့ကြိုးစားတယ် .."မလုပ်နဲ့ ... ဒီပန်းအိုးက ပုံမှန်မဟုတ်ဘူး ... မကြည့်တာပိုကောင်းမယ် ငါတို့ရဲခေါ်ရအောင်လေ"

"ရဲခေါ်ပြီး ဘာပြောမှာလဲ? အဲ့မှာ လက်တစ်ဖက်က နင့်ကိုလှမ်းဆွဲတယ်လို့လား? အဲ့အစားနင်ပဲ ပိတ်ထားခံရမှာ" လဲ့လင်းပြောလာတယ်။

သူမသည် ဤစကားကို အေးအေးဆေးဆေးပြောသော်လည်း အလွန်ယုံကြည်ပုံရသည်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now