[Arc 3] Chapter 40

Start from the beginning
                                    

ယခင်အချိန်က ရုပ်ရှင်နှစ်ကားစလုံးသည် စျေးကွက်ချင်းမတူကြသော်လည်း နှစ်ခုစလုံးသည်ဆွဲဆောင်မှုအချို့ ရရှိခဲ့သည်။ ဒါရိုက်တာက သူ့ကို ဖိတ်ချင်တာကလက်မှတ်ရောင်းအားတိုးဖို့အပြင် ဘာမှမဖြစ်နိုင်ချေ။

လက်မှတ်ရောင်းရငွေအပေါ်လွှမ်းမိုးမှု များများစားစားမရှိဟု ခံစားမိသော်လည်း ရုပ်ရှင်နှစ်ကားမှ သူ၏အတွေ့အကြုံသည် ရုပ်ရှင်တစ်ကားတည်းသာ ခံစားဖူးသူများထက် အမြဲပိုနေမည်ဖြစ်တယ်။

ဒါရိုက်တာသည် အခြားလူကို ရှာမတွေ့နိုင်ဟု သူမှန်းဆမိသည်။

စုမင်ခဏမျှစဉ်းစားပြီး ပြောလိုက်၏ .."ဒီတစ်ခေါက် မအောင်မြင်ရင် မဟုတ်………"

"အဲ့အတွက်စိတ်ပူစရာမလိုပါဘူး။ ဒါရိုက်တာက လူကြီးမင်းကိုကြည့်ရှုဖို့ပဲဖိတ်ခေါ်ခဲ့တာပါ ... အောင်မြင်ခဲ့ရင်ကောင်းပါတယ် ... မအောင်မြင်ခဲ့ရင် ကြည့်တဲ့အတွေ့အကြုံအဖြစ်ယူဆလို့ရပါတယ်"

သူဘာကိုမှဖုံးကွယ်မထားဘဲ စုမင်သည် ဤနောက်ကွယ်မှ အကြောင်းရင်းကို ခန့်မှန်းနိုင်မည်ဟု ယုံကြည်နေသည်။

စုမင်: "ကျွန်တော်စဉ်းစားပါရစေဦး"

တစ်ညလုံး စေ့စေ့တွေးပြီး သူဆုံးဖြတ်ချက်မချနိုင်သေးဘူး။

သိုပေမဲ့ နောက်တနေ့၌တာဝန်ရှိသူ ထပ်မံဖုန်းခေါ်ဆိုလာတယ်။

စုမင်တိုက်ရိုက်မေးလိုက်၏.."ကျွန်တော် အဲ့ကိုသွားနိုင်ပါတယ် ဒါပေမဲ့မေးစရာတစ်ခုရှိတယ် ... ကျွန်တော် ရုပ်ရှင်ကိုsoloပဲကြည့်ရှုနေတာ အဲ့တော့ချန်စုကဘယ်သူလဲ? ဘာလို့သူပေါ်ပေါ်လာတာလဲ?"

တာဝန်ရှိသူဖြေလေသည် .."ကျွန်တော်တို့လည်းမသိပါဘူး ... အထက်လူကြီးတွေစီစဉ်တာဖြစ်နိုင်ပါတယ်"

စုမင်မယုံကြည်ပေမယ့် သူ့ဆီက အမှန်တရားကို ထုတ်မပြနိုင်ဘူးလို့ သူထင်ခဲ့ပြီးသားဖြစ်သည်။  အခြားသူများကဲ့သို့ပင် သူတို့သည် လျှို့ဝှက်ချက်အပေါ် အလွန်တင်းကျပ်သည်။

"ဒါဆိုကောင်းပါပြီ ... အချိန်ကျရင်ကျွန်တော်သွားမယ်" သူလက်ခံလိုက်တယ်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now