[Arc 2 END] Chapter 39

Start from the beginning
                                    

ဒါကအထူးသဖြင့်ရေချိုးခန်းထဲ၌ အခြားတစ္ဆေပေါ်လာတဲ့ပြဿနာပင်…….

သူရေချိုးနေတုန်း ချန်စုချောင်းမကြည့်ဘူးဆိုတာ စုမင်ယုံကြည်သည်။ အချိန်ကသာ တိုက်ဆိုင်လွန်းတယ်။

တိုက်ဆိုင်လွန်း၍ပင် သူလုံးဝအမြင်ခံရမည်ဟု ခံစားလိုက်ရသည်။

စုမင်အသက်ရှူလေမှုတ်ထုတ်ကာ မျက်ခုံးများကျဉ်းမြောင်းသွားပြီး ခဏမျှအတွေးထဲနစ်မြောနေပြီးမှ ဆက်ကြည့်လေသည်။

ကံကောင်းစွာ ဒါပြီးတော့ ဘာရေချိုးခန်းအပိုင်းမှ မရှ်ိတော့ပေ။ ငါးနာရီကြာရုပ်ရှင်က နှစ်နာရီရုပ်ရှင်တွင်မထည့်ထားသမျှ အခန်းကဏ္ဍများပါဝင်သည်။

သူက ဇာတ်လိုက်မဟုတ်တာကြောင့် အချို့သူ့အပိုင်းတွေမထုတ်လွှင့်ခဲ့ပေ။

ထို့နောက် အဆုံး၌ စုမင်နှင့်ချန်စုတို့ ခေါင်းပြတ်သရဲနဲ့ ကြုံတွေ့သည့်အခန်းပါဝင်‌သည်။

ချန်စုပေါ်မှာ လှဲလျက်ရှိနေသည့်သူ့အပိုင်းပါ ပါသည်။

ချန်စု၏သဏ္ဍာန်ကို စုမင်မဖော်ပြနိုင်သော်လည်း ရုပ်ရှင်ထဲမှ ထိုအပိုင်းကို ရယ်စရာကောင်းသည်ဟု တွေးမိပြီး ပြန်စဉ်း‌စားကြည့်တာနဲ့တင် ကြက်သီးတဖြန်းဖြန်းထသွား၏။

ရုပ်ရှင်ကို pauseနှိပ်လိုက်တော့ ရုပ်ရှင်သည် စုမင်အံ့ဩသွားသည့်အမူအယာနှင့်မှာ ရပ်တန့်သွားပြီး သူ့မျက်ဝန်းများမှ စိတ်ခံစားမှုများကို‌ သေသေချာချာခွဲခြားနိုင်သည်။

ချန်စုရောက်ရှိလာသည်နှင့် စုမင်လုံခြုံသလိုခံစားရသည်။

စုမင်သည်ငယ်စဉ်ကတည်းက ဤကဲ့သို့သော အရာများကိုမသင်ကြားခဲ့ရသလို ထိုကဲ့သို့မည်သူ့ကိုမှမတွေ့ခဲ့ဖူးသောကြောင့် အတွေ့အကြုံသည် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသည်။

မသိရင် ‌တည်ငြိမ်နေသောရေကန်ကို ခဲလုံးပစ်လိုက်သည့်အတိုင်းပင်။

သို့ပေမဲ့ ထိုခဲလုံးကို မရင်းနှီးသလိုမခံစားရပေ ... စုမင်က သူ့ကို မုန်းတီးမှု တစ်စုံတစ်ရာမခံစားရဘဲ သူနှင့်အဆင်ပြေခဲ့သည်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now