(U+Z) Chapter (12-4)_ ဟွမ်ရီ အနိုင်ရရှိခြင်း

Start from the beginning
                                    

တစ်ချိန်တည်းမှာပင် အစီစဉ်ကြေငြာသူက ကျိုးယွင်ရှန့် တီးခတ်မည့် "Show Off" ဆိုသည့် တေးသံကို ကြေငြာလိုက်သည်။

"Show Off"

စင်အောက်က ပရိတ်သတ်အားလုံးက ကျိုးယွင်ရှန့် တီးခတ်သည့် တီးလုံးကို ကြားလိုက်ရချိန်မှာ အကုန် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ကျိုးယွင်ရှန့် တီးခတ်သည့် နည်းစနစ်တွေက အရမ်းခက်ခဲပြီး ပညာ ဒီဂီတ သံစဉ်ပိုင်း သည်စန္ဒယားသမိုင်း တစ်လျှောက်မှာ လုံးဝ ထိပ်သီးနေရာကို သိမ်းပိုက်နိုင်မည် ဆိုတာ သံသယဖြစ်စရာမလိုတော့ပေ။

လွန်ခဲ့သည့် ရာစုနှစ်၏ စန္ဒယားဧကရာဇ် Sears သည် ထိုအချိန်က စန္ဒယားဆရာများကို စိန်ခေါ်ခဲ့ပြီး ဒီအမြင့်ဆုံးသော ရမှတ်ကို ဖန်တီးခဲ့သည်။ ထိုအချိန်က သူ့ကို စန္ဒယားဧကရာဇ်အဖြစ် သူ၏အဆင့်အတန်းကို မြှင့်တင် ချီးကျူးခဲ့သည်။ ဒီသံစဉ် အပိုင်းအတွက် သူသည် အကောင်းအမှတ်ရနိုင်မည့် အမြင့်မားဆုံးသော တီးခတ်မှုနည်းစနစ်များကို အသုံးပြုခဲ့သည်။ သူက ဒီသံစဉ်ပိုင်းကို ကျန် စန္ဒယားတီးခတ်သူများကို စိန်ခေါ်မှုတစ်ခု အနေဖြင့် ထည့်သွင်းခဲ့သည်။ ဒီလို ပြီးပြည့်စုံသော သံစဉ်ကို ပြည့်စုံစွာတီးနိုင်သူမှာ ကမ္ဘာပေါ်ရှိ ဒီသံစဉ်ကို ရေးစပ်ခဲ့သော တေးရေးဆရာကိုယ်တိုင်သာ ဖြစ်သည်။

ယခုအချိန်ထိမည်သူကမှ ဒီလို စံချိန်တင်ခက်ခဲသည့် တီးလုံးကို ဒီကောင်လေး တီးခတ်နိုင်သည်ဆိုတာ မယုံနိုင်သေးပဲ ငေးမောနေမိသည်။ ရာစုသစ်၏ ဖျော်ဖြေတင်ဆက်သူများသည် ပြောင်မြောက်သည့် တီးလုံးတီးခတ်မှုဖြင့် စိန်ခေါ် တီးခတ်ခဲ့ပေမယ့် အားလုံးက ဒီစိန်ခေါ်မှုကို မကျော်လွှားနိုင်ခဲ့ပေ။ ဒါကြောင့် ဒီသံစဉ်က မကျော်ဖြတ်နိုင်လောက်အောင် ခက်ခဲသည့် သံစဉ်တီးလုံး ဖြစ်လာသည်လို့တောင် ဆိုနိုင်သည်။

Sears သည် ဒီတီးလုံးကို မောက်မာစွာဖြင့် ရေးစပ်ခဲ့သည်။ ဒီတီးလုံးကို တီးခတ်နိုင်ဖို့ စိတ်ခံစားချက်ပြင်းပြမှုတစ်ခုတည်း လိုအပ်ရုံမဟုတ်ပဲ နည်းစနစ်တစ်ခုကိုပြရန်သက်သက်ပြုလုပ်ထားသော တီးလုံးလည်း ဖြစ်သည်။ စန္ဒယားတီးခတ်သူသည် မာနကြီးပြီး Sears ကဲ့သို့ ကောင်းမွန်သော နည်းစနစ်ကို ပိုင်ဆိုင်ထားသမျှ ကာလပတ်လုံး ဒီအပိုင်းကို ပြီးပြည့်စုံစွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now