"အာ...မိုးရေစိုတာပဲဟာ ဘာမှမဖြစ်....."
"ဝမ်ရိပေါ်....မင်းနေမကောင်းဖြစ်မှာ ငါစိုးရိမ်တယ်လေ"
ထိုသူ့ရဲ့ မာန်မဲသံလေးက မိုးရေတွေကြောင့်အေးစိမ့်စိမ့်ဖြစ်နေတဲ့ခံစားချက်ကို တမုဟုတ်ချင်းနွေးထွေးသွားစေတယ်။
"ကောင်းပြီ...ကောသဘောအတိုင်းပဲဖြစ်စေမယ်"
ရိပေါ်က အပြုံးကြီးကြီးပြုံးလို့ ထိုသူ့ပုခုံးတွေကို ရိပေါ်ဘက်ပိုလို့ဆွဲယူလိုက်တယ်။
တစ်ရက်က ကြေညာထားတဲ့မိုးလေဝသကြောင့် အတန်းချိန်တက်နေတဲ့ထိုသူကို ရိပေါ်ကမိုးကာအဝါလေးအပြေးအလွှားသွားပေးခဲ့တယ်။ မိုးကာပေးပြီး အပြန်မှာတော့ ထီးမဆောင်တတ်တဲ့ရိပေါ်က မိုးမိတော့တယ်။
ရိပေါ်ကဖျားတော့ဖျားမသွားပေမဲ့ ထိုသူကတော့ အစိုးရိမ်ပိုနေခဲ့တယ်။ အဆောင်ပြန်ရောက်တဲ့ ချက်ချင်းမှာ ရိပေါ်လက်ဆွဲလို့ ထီးတစ်ချောင်းပြေးဝယ်ပေးခဲ့တယ်။
သူဝယ်ပေးတာမို့ ထီးမဆောင်တတ်ရင်တောင် ဒီခေါက်ထီးအနက်လေးကိုတော့ ခြွင်းချက်ထားဖို့ပြောသေးတာ။
"ကော မင်းအနားမှာမရှိတဲ့အခါ ဒီထီးလေးက မိုးဒဏ်၊ နေဒဏ် တင်မကဘဲ အရာအားလုံးကနေ ကာကွယ်ပေးနိုင်တဲ့ ကောရဲ့ကိုယ်ပွားလေးလို့ သိထားပေး"
ထိုသူက ဒီလိုလည်း ရိပေါ်ကိုအပီချုပ်တတ်ပါသေးတယ်။ ရိပေါ်ကတော့ လွှတ်ပေးရင်တောင် ပျံထွက်မသွားချင်တော့တဲ့ပိုးဖလံလေးလိုပါပဲ။
ထိုနေ့ကစလို့ ရိပေါ်ရဲ့ ကျောပိုးအိတ်ထဲမှာ ခေါက်ထီးအနက်လေးက နေရာယူတယ်။
_________________
ကောက နောက်ဆုံးနှစ်ဖြစ်လို့ ကုမ္ပဏီတစ်ခုမှာအလုပ်သင်ဝင်ရတဲ့အခါမှာလည်း ရိပေါ်အတွက် အချိန်သီးသန့်ချန်ထားစမြဲ။
ကောက အလုပ်ပြန်ချိန်နောက်ကျတာကြောင့် အဆောင်ပဲပြန်အိပ်မှာဖြစ်ကြောင်းနဲ့ တံခါးပိတ်ချိန်စောင့်ပေးဖို့အတွက် အဆောင်မှူးကို အကျိုးအကြောင်းပြောပြပြီး ခွင့်တောင်းတယ်။
ခွင့်ပြုချက်ရတဲ့အခါ ဘယ်လောက်ပဲနောက်ကျနေပါစေ ထိုသူက အဆောင်ကိုပြန်လာလေ့ရှိတယ်။ အဆောင်မှူးကိုအားနာပေမဲ့ပေါ့။
Part - 2
Start from the beginning
