လူတွေလား....
ဟင့်အင်း....ပြောင်းလဲလွယ်တယ်။
••••••••••••••••••••••••••••••••••••••••••••••••••
ပျော်ရွှင်စရာ သီတင်းကျွတ်အခါသမယလေးဖြစ်ကြပါစေဗျား✨
.
.
.
[Unicode]
တက္ကသိုလ်ပထမနှစ်...
လူတွေကိုလွယ်လွယ်မယုံတတ်တဲ့ရိပေါ်က ထိုသူကိုတော့ဖြင့်ပထမဦးဆုံးယုံကြည်ကြည့်ချင်တယ်။
ပြောင်းလဲလွယ်တဲ့လူတွေနဲ့မတူစွာဘဲ ထိုသူကတော့ထူးခြားတယ်လို့မှတ်ယူခဲ့တယ်။
တက္ကသိုလ်တက်ရမဲ့အရွယ်ရောက်တော့ ရိပေါ်ကထိုသူရှိတဲ့ တက္ကသိုလ်ကိုပဲရွေးခဲ့တယ်။ မေဂျာလည်းအတူတူပဲဆိုပါတော့။ စီးပွားရေးစိတ်မဝင်စားတဲ့ရိပေါ်က စီးပွားစီမံမေဂျာယူသတဲ့။ကုမ္ပဏီကိုဆက်ခံစေချင်နေတဲ့ ရိပေါ်အဖေကတော့ အတော့်ကိုသဘောတွေ့သွားတာပေါ့။
ဘယ်သွားသွား တစ်ပူးပူးတစ်တွဲတွဲဖြစ်နေတဲ့ သူတို့နှစ်ယောက်ကို ဘယ်အရာကမှခွဲခွာလို့မရခဲ့ဘူး။
"ရိပေါ်...မင်းပုခုံးတွေစိုကုန်ပြီလေ"
"ကိစ္စမရှိဘူး...ကောမစိုရင်ပြီးတာပဲ"
တစိမ့်စိမ့်ရွာနေတဲ့မိုးကြောင့် ထီးတစ်လက်တည်းအောက်မှာရှိနေပေမဲ့ အသံမြှင့်လို့ပြောနေရတယ်။ ထီးကအလယ်အလတ်အရွယ် ခေါက်ထီးအနက်လေးဖြစ်ပေမဲ့ အရွယ်ရောက်ပြီးသားယောကျာ်းနှစ်ယောက်ကိုတော့ မလုံခြုံစေနိုင်။
ထိုသူက ရိပေါ်ထက်အရပ်ကလေး မဆိုသလောက်ရှည်တော့ ရိပေါ်ကထီးကိုပုံမှန်ထက်မြင့်အောင်ကိုင်ထားတယ်။ တစ်ဖက်ကိုလည်း ပိုပိုသာသာစောင်းထားတာဖြစ်လို့ ရိပေါ်ဘယ်ဘက်ပုခုံးတစ်ခုလုံးက မိုးရေတွေတင်ကျန်ကုန်တယ်။
"ရိပေါ်...ကောတို့အဆောင်ပဲပြန်ကြစို့"
"ကော...စာကြည့်တိုက်သွားမှာမဟုတ်ဘူးလား"
"မသွားတော့ဘူး...မင်း တစ်ကိုယ်လုံးစိုရွှဲကုန်တော့မှာ။ အဆောင်ပဲပြန်မယ်"
Part - 2
Start from the beginning
