ရိပေါ်ရဲ့နေ့ရက်တိုင်းဟာ ထိုသူဖြစ်နေတာကြောင့် ထိုသူမရှိတော့တဲ့နေ့ရက်တွေဟာ ရိပေါ်အတွက်ရက်စွဲမဲ့တယ်။
ဘယ်လိုက်ရှာလို့ လိုက်ရှာရမယ်မှန်းမသိအောင် ခြေရာဖျောက်သွားတဲ့သူရယ်...
အရူးတစ်ပိုင်းကျန်နေခဲ့တဲ့သူရယ်...
'ခင်ဗျားလည်း လွယ်လွယ်ပြောင်းလဲတတ်တာပဲလား'
'ခင်ဗျားကိုတော့ အဆုံးထိယုံကြည်ချင်ခဲ့တာကို'
'အခုတော့ လမ်းတစ်ဝက်မှာတင် ပစ်ချခဲ့ပြီလား'
'ဆင်ခြေလေးတောင်ပေးမသွားတဲ့ခင်ဗျားက ကျွန်တော်တွေ့ချင်နေမှန်းသိရက်နဲ့ လာမတွေ့ခဲ့တဲ့ တတိယနှစ်စီနီယာအစ်ကိုကြီးထက် ပိုဆိုးတယ်'
'တအားကိုဆိုးတယ်'
'ခင်ဗျားကိုမှမယုံကြည်ရရင် ကျွန်တော်ယုံကြည်ရမဲ့လူဆိုတာမရှိတော့ဘူးဆိုတာသိရဲ့နဲ့'
'ဘာလို့လဲ....ကျွန်တော်တို့နီးစပ်ခဲ့ကြတယ်မဟုတ်ဘူးလား'
'ဒါမှမဟုတ်...ဒါက...ဒါက အိမ်မက်တစ်ခုလား'
ရူးမတတ်နာကျင်နေရတာကိုခံစားမိနေတော့ အိမ်မက်တော့မဟုတ်လောက်။
တစ်ဖက်မှာတော့ အိမ်မက်ဖြစ်ဖို့ဆုတောင်းနေမိပေမဲ့ တစ်ဖက်မှာလည်း အိမ်မက်မဟုတ်ပါစေနဲ့လို့ အကြိမ်ကြိမ်ရေရွတ်မိပြန်သေးတာ။
'တော်ပါသေးရဲ့...အနည်းဆုံးတော့ ခင်ဗျားနဲ့အမှတ်တရတွေက အိမ်မက်မဟုတ်ဘူး'
ရိပေါ်က ထိုသူနဲ့ပက်သတ်ပြီး ရူးသွပ်ပါတယ်။ ဒါကိုအချစ်လို့ခေါင်းစဉ်တပ်ရင်တော့ ရိပေါ်က ထိုသူကို ရင်နင့်အောင်ချစ်ခဲ့ပါတယ်။
နှလုံးသားတစ်ခုလုံးနဲ့ရင်းပြီးချစ်ခဲ့မိလို့....
အချစ်လား....
အင်း...ယုံတယ်။
Part - 2
Comenzar desde el principio
