အမြဲတမ်းအတွက်​ မရနိုင်​ခဲ့တာ​တော့နှ​မြောစရာပဲ​ပေါ့။

___________________

"​ကောအတွက်​....ဂုဏ်​ပြုပါတယ်​"

"​ကျေးဇူးတင်​ပါတယ်​ ရိ​ပေါ်"

ဘွဲ့ဝတ်​စုံ​လေးနဲ့ ထိုသူကိုရိ​ပေါ်က baby's-breath ပန်းစည်း​လေးနဲ့ ဂုဏ်​ပြုခဲ့တယ်​။

"​ကောလည်း ရိ​ပေါ်ကို ​ပေးစရာရှိတယ်​"

"​ကောကလား"

ထိုသူကအပြုံးလှလှ​လေးနဲ့ ​ခေါင်းငြိမ့်​ပြတယ်​။

"ဒါက....ဘာလို့​ပေးတာလဲ"

ရိ​ပေါ်ကလက်​ထဲ​ရောက်​လာတဲ့ forget-me-nots ပန်းစည်း​လေးကိုကြည့်​ရင်း​မေးလိုက်​တယ်​။

"ဂုဏ်​ပြုပါတယ်​ ရိ​ပေါ်။ ဒီအ​တောအတွင်း ကိုယ့်​အတွက်​အများကြီးအပင်​ပန်းခံ​ပေးခဲ့တယ်​မလား"

"မဟုတ်​တာ.....​ကောဖြစ်​​နေရင်​ ပင်​ပန်းတယ်​မ​ခေါ်ပါဘူး"

"သိရဲ့သားနဲ့ "

အရည်​ကြည်​တို့ရစ်​ဝိုင်း​နေတဲ့ မျက်​ဝန်းနှစ်​စုံက တစ်​စုံနဲ့တစ်​စုံဖယ်​ခွာခြင်းမရှိ။ အပြုံးတို့ကလည်း နှုတ်​ခမ်းထက်​ဝယ်​ဖြစ်​ထွန်းတယ်​။

လက်​ထဲက အဖြူ ​ရောင်​နဲ့ အပြာ​ရောင်​ပန်းစည်းကိုယ်​စီက စစ်​မှန်​ခြင်း​တွေကိုကိုယ်​စားပြုလို့။

____________________

တက္ကသိုလ်​ဒုတိယနှစ်​...

ရိ​ပေါ်​ရှေ့ကိုရုတ်​တစ်​ရက်​​ပေါ်လာတဲ့သူက ရုတ်​တစ်​ရက်​ဆန်​စွာပဲ ရိ​ပေါ်ဘဝထဲကထွက်​သွားပြန်​တယ်​။

'ဘယ်​သူကနှင်​လို့လဲ ခင်​ဗျားရယ်​'

ရိ​ပေါ်က ထိုသူနဲ့အတူရှိခဲ့တဲ့​နေ့ရက်​​တွေတုန်းက သူဟာကံအ​ကောင်းဆုံးလူသားလို့​တွေးခဲ့မိတယ်​။ သူတို့အချစ်​​တွေဟာဖွင့်​ဟစရာမလိုဘဲ လိုက်​ဖက်​ညီ​နေ​တာ​ကြောင့်​။ သူရဲ့အချစ်​ဦးဟာထိုသူဖြစ်​​နေတာ​ကြောင့်​။

ဒါ​ပေမဲ့ ရိ​ပေါ်ဟာ အချစ်​ဦးပုံပြင်​ရဲ့အဆုံးသတ်​မလှတတ်​တဲ့ ထုံးစံကို​မေ့​နေခဲ့မိတယ်​ထင်​ပါရဲ့။

'NOTHING' Where stories live. Discover now