ခွင့်​ပြုချက်​ရတဲ့အခါ ဘယ်​​လောက်​ပဲ​နောက်​ကျ​နေပါ​စေ ထိုသူက အ​ဆောင်​ကိုပြန်​လာ​လေ့ရှိတယ်​။ အ​ဆောင်​မှူးကိုအားနာ​ပေမဲ့​ပေါ့။

ရိ​ပေါ်ကလည်း​ ​ကောပြန်​​ရောက်​ပြီဆိုတာနဲ့ တတိယအထပ်​က ​ကောအခန်းဆီအ​ပြေးသွားတယ်​။ ​ကောနဲ့အတူ​နေတဲ့ အခန်း​ဖော်​သူငယ်​ချင်း နှစ်​​ယောက်​ကလည်း အလုပ်​သင်​ကာလမို့ အိမ်​က​နေပဲအသွားအပြန်​လုပ်​ကြတယ်​။

ဆို​တော့ ဝမ်​ရိ​ပေါ်က​တော့ ကံ​ကောင်းတာပါပဲ။
ညတိုင်း ​ကောကိုရင်​ခွင်​ထဲထည့်​လို့ လူကြီး​လေးလုပ်​​နေ​တော့တာ။

အခန်း​ဖော်​သူငယ်​ချင်း​တွေက​တော့ ညတိုင်းဂိမ်းစု​ဆော့တဲ့သူတို့ကို 'နားညီးလို့ စီနီယာခန်းမှာစာသွားလုပ်​မယ်'​​လို့ ​ပြော​ပြောပြီးထွက်​သွားတဲ့ ဝမ်​ရိ​ပေါ်ကို အားနာ​နေရှာတယ်​။

"​ကော....ပင်​ပန်းတယ်​မလား"

"နိုး"

"လိမ်​တာ။ ​​ကျောင်းစာကတစ်​ဖက်​ အလုပ်​ကတစ်​ဖက်​ကို ကျွန်​​တော်​ကပါထပ်​ရှုပ်​​နေတာ ဘယ်​လိုလုပ်​မပင်​ပန်းဘဲ​နေမှာလဲ"

"မင်းကပိုအ​ရေးကြီးမှ​တော့ ပင်​ပန်းတယ်​လို့ဘယ်​​ပြောလို့ရမလဲ"

"အား.....ခင်​ဗျား​တော်​​တော်​တတ်​"

ရိ​ပေါ်က အသည်းယားလာတိုင်း ထိုသူရဲ့နားရွက်​ဖျား​လေးကိုခပ်​ဖွဖွကိုက်​ရတာ သ​ဘောကျတယ်​။ တစ်​ဆက်​တည်းမှာပဲ ထိုသူရဲ့မ​နေတတ်​စွာရယ်​မြူးမြူး​လေးထွက်​လာတဲ့ 'ရိ​ပေါ်'ဆိုတာ​လေးကို ပိုပြီးသ​ဘောကျတယ်​။

"​နောက်​လည်း ကျွန်​​တော်​က ​ကောအတွက်​ အ​ရေးကြီးတဲ့သူဖြစ်​​နေဦးမှာမလား"

"​သေချာ​ပေါက်​ပဲ​ပေါ့"

ထိုသူက ရိ​ပေါ်ကိုဦးစား​ပေးတဲ့အခါတိုင်း ရိ​ပေါ်က ကမ္ဘာကြီးတစ်​ခုလုံးအပိုင်​ရသလိုပဲ။ တစ်​ကယ်​လည်း ရိ​ပေါ်ရဲ့ကမ္ဘာကြီးက ရိ​ပေါ်ဘက်​မှာပဲ ရှိ​နေ​ပေးခဲ့တယ်​။ အဲ့ဒီခံစားချက်​ကို ရိ​ပေါ်ကတစ်​ကယ်​သ​ဘောကျတယ်​။

'NOTHING' Where stories live. Discover now