Part - 6 (Unicode)

Mulai dari awal
                                        

"တစ်ဦးတည်းသောသမီးလား။ တီချယ်က အစ်မတစ်ယောက် ရှိတယ်။"

"အားကျလိုက်တာ။"

"တစ်ဦးတည်းသောသမီးလည်း ကောင်းတာပဲ။ မိဘတွေက ပိုပြီး ဂရုစိုက်ပေးမှာပေါ့..."

"ဒါပေမယ့် အဖော်မရှိဘူးလေ။ အဲ့ဒါကြောင့် သမီးက အပေါင်းအသင်း သိပ်မက်တာ။"

"ဒီလိုဆို တီချယ်လည်း အငယ်ဆုံးသမီးမို့ အပေါင်းအသင်းမက်တာ ထင်ပါရဲ့။"

ငွေနှင်း၏ စကားကြောင့် ဟန်သစ်လည်း ရယ်လိုက်မိလေသည်။

"တီချယ်..."

ရုတ်တရက် ခေါ်လိုက်သော ဟန်သစ်အား ငွေနှင်းလှည့်ကြည့်လိုက်လေသည်။

"တီချယ် အသက်ဘယ်လောက်ရှိပြီလဲ..."

"22"

"သမီးထက် ခြောက်နှစ်ကြီးတာပဲ..."

"အင်း.."

ငွေနှင်း ခပ်ကွေးကွေးလင်းနေသော လခြမ်းကို ငေးကြည့်ရင်း ခေါင်းညိတ်လိုက်လေသည်။

ဟန်သစ်က ငွေနှင်းအား ငေးကြည့်ကာ

"သမီးတို့ နှစ်ယောက်..."

ဟန်သစ်က စကားကို ဆက်မပြော ရပ်လိုက်သောကြောင့် ငွေနှင်း လှည့်ကြည့်လိုက်လေ၏။

"အသက်လည်း သိပ်မှ မကွာတာ။ သူငယ်ချင်း လုပ်ရအောင်..."

ငွေနှင်းက ဘာမှ ပြန်မဖြေဘဲ ဟန်သစ်အား ကြည့်နေလေ၏။

ဟန်သစ်က ရုတ်တရက် ငွေနှင်း၏ လက်ကို ချိတ်လိုက်ကာ

"သမီးမှာ အခုထိ သူငယ်ချင်းမရှိသေးဘူး။ သမီးနဲ့ အတူနေတဲ့ အခန်းဖော်ကလည်း ကျောင်းထွက်သွားတယ်။ အခန်းဖော်အသစ်က မေဂျာမတူတော့ သိပ်မခင်ဘူး။ ကျောင်းမှာပေါင်းတဲ့ သူငယ်ချင်းတွေက တအား ကျောင်းပြေးတာ။ သမီးမှာ ထမင်းအတူစားမယ့်လူတောင် မရှိဘူး။"

ပြောရင်း နှုတ်ခမ်းဆူလိုက်သော ဟန်သစ်ကို ငွေနှင်း ပြုံး၍ ကြည့်လိုက်ကာ

"တီချယ့်မှာ သူငယ်ချင်းနှစ်ယောက်ရှိတယ်။ သူတို့ ဒဏ်ကိုတော့ သည်းခံရလိမ့်မယ်နော်..."

By Loving (own creation)Tempat cerita menjadi hidup. Temukan sekarang