Part - 6 (Unicode)

Start from the beginning
                                        

ငွေနှင်း နှုတ်ခမ်းကို ကိုက်လိုက်ကာ ဟန်သစ်မမြင်အောင် ပြုံးလိုက်မိလေသည်။ ထို့နောက် တံခါးဝမှ တစ်ဆင့် အပြင်ကို ငေးကြည့်လိုက်ကာ

"တီချယ့်ကိုလည်း တီချယ်ယု ဝယ်ပေးခဲ့တာ... အခန်းဖော်ကလည်း မိန်းကလေးလို့ ပြောပေမယ့် သမီးလို့တော့ မပြောလိုက်ဘူး။"

"အာ... အဲ့ဒါကြောင့် အခန်းတူသွားတာကိုး... ဘာပဲဖြစ်ဖြစ် အဖော်ရသွားတာပေါ့... ဒါနဲ့ တီချယ်က ဘယ်သွားမလို့လဲ..."

"မြောင်းမြ ကို..."

"ဪ..."

"သမီးကတော့ ပုသိမ်ကို ပြန်မှာပေါ့။"

"ဟုတ်တယ် တီချယ်။ ဟင်... သမီးက ပုသိမ်က ဆိုတာ သိတာလား..."

"ဟိုတစ်ခါတုန်းက သူပဲ ပြောပြီးတော့..."

"အာ... ဟုတ်သားပဲ။ မေ့သွားတာ... ဒါနဲ့ တီချယ်က မြောင်းမြကလား။"

"ဟင့်အင်း... အိမ်မဲက ..."

"ဪ... ဒါဆို ကား တစ်ဆင့် ပြန်စီးရမှာပေါ့..."

"အင်း... ခွင့်နှစ်ရက် တင်ခဲ့သေးတယ်..."

"ဒါဆို သမီးက အရင်ပြန်ရောက်မှာပဲ... တနင်္ဂနွေနေ့ သင်္ဘောနဲ့ ပြန်မှာလေ။ ဘာရယ် မဟုတ်ပါဘူး၊ ဒီအတိုင်း မုန့်ဖိုးမရှိတော့လို့။ အိမ်ပြန်တော့ တောင်းလို့ ကောင်းတယ်လေ..."

"ဒါဆို New Year ည အဆောင်မှာ ပြန်တွေ့ရမှာပဲ။"

"ရှင်..."

"ဪ... တီချယ်တို့ မဉ္ဇူဆောင်က New Year ဆို ပွဲလုပ်ကြတယ်လေ... အဆောင်နှစ်ဆောင်လုံးက လူတွေ အလယ်က မြေကွက်လပ်မှာ စုပြီး မီးပုံပွဲ လုပ်တတ်ကြတယ်။ ရာသီဥတု တအားအေးရင်တော့ ထမင်းစားဆောင်မှာ လူစုပြီး ပွဲလုပ်ကြတာပေါ့..."

"အို... ပျော်စရာကြီး..."

"အဆောင်သူ ဖြစ်ရတာ ကောင်းတယ်မလား..."

ငွေနှင်း၏ မေးခွန်းကြောင့် ဟန်သစ်က ခေါင်းကို ခပ်သွက်သွက်ညိတ်လိုက်ကာ

"အကောင်းဆုံးကတော့ အိပ်ရာထနောက်ကျလည်း အတန်းချိန်အမီ ကျောင်းကိုရောက်တာပဲ..."

ဟန်သစ်၏ စကားကြောင့် ငွေနှင်း ခေါင်းညိတ်ကာ ရယ်လိုက်လေသည်။

By Loving (own creation)Where stories live. Discover now