Bonus Part 💕💕

4.5K 233 15
                                    

ကိုကိုရဲ့ငယ်

Bonus part ❤❤❤

"ro နေတဲ့ ကိုကိုနဲ့ငယ် "
စတဲ့ Caption နဲ့တက်လာတဲ့ ယွန်းနဲ့ ကိုကိုတို့ရဲ့ စားသောက်ဆိုင်မှ အပြန်အလှန်ခွံကျွေးနေတဲ့ ဓာတ်ပုံများ ကို ကြည့်ပြီး ယွန်းကြည်နူးနေရလေသည်။

ယွန်းတို့ဘက်မှ စ၍ စေ့စပ်ပွဲကို စတင်ဖျက်သိမ်းခဲ့တဲ့သတင်းသည်
စေ့စပ်ပွဲပြီးတဲ့နောက်ရက်တွင် သတင်းခေါင်းစဥ်၌ အကျယ်တဝင့်ပါလာခဲ့သည်။ မီဒီယာအသီးသီးကနေ စေ့စပ်ပွဲရုတ်သိမ်းတဲ့အပေါ်
သူတို့ရဲ့ထင်မြင်ချက်တွေ ရေးသားခဲ့သော်လည်း ကာယကံရှင်တွေဘက်က ဘာမှမထုတ်ပြန်ခဲ့တာကြောင့် ထိုသတင်းသည် ဟိုလေးတကျော်ကျော်ဖြစ်ခဲ့ရသေးသည်။

နောက် အခြေအနေတွေငြိမ်တဲ့အခါကျမှ ယွန်းချစ်နှစ်သက်တဲ့သူဟာ ကိုကိုဆိုတာကို ချပြလိုက်တဲ့အခါ တစ်ဖန် ပွက်လောရိုက်သွားပြန်လေသည်။ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးကျောက်မျက်ရတနာကုမ္မဏီပိုင်ရှင်ဟာ လိင်တူခြင်းစိတ်ဝင်စားတာလား ဆိုတဲ့ သတင်းတွေ
တချို့ဟာတွေကလည်း လူထုရဲ့ attention ယူချင်လို့ လုပ်ကြတာဆိုပြီး သတင်းတွေ အများကြီးတက်ခဲ့လေသည်။

ဒါပေမယ့် နောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ LGBT လက်ခံတဲ့သူတွေရဲ့ ဝန်းရံအားပေးမှုကြောင့် ယွန်းနဲ့ကိုကိုတို့ အတွဲကို အားပေးတဲ့သူတွေများလာခဲ့သည်။ ထိုသတင်းတွေ ထွက်ပြီးတဲ့နောက် Paris မှာ မဂ်လာပွဲပြုလုပ်၍ ယွန်းနဲ့ကိုကိုတို့ လူသိရှင်ကြားလက်ထပ်ခဲ့လေသည်။

ဘယ်သူတွေ ဘယ်လိုပဲပြောနေပါစေ ယွန်းအတွက်တော့ ကိုကိုသာ အနားမှာ ရှိမယ်ဆိုရင် ကျန်တာတွေ ဘာမှမလိုတော့..ယွန်းတို့နှစ်ယောက်လက်ထပ်ပြီးတဲ့နောက် ယွန်းရယ်ကိုကိုရယ်က ကိုကို့ရဲ့မေမေဆီမှာဘဲ နေဖြစ်လေသည်။ ဘာကြောင့်လည်းဆိုတော့ ကိိုကို့မှာက အမေတစ်ယောက်ထဲပဲ ကျန်တော့တာဖြစ်ပြီး အစကတည်းက ကိုကိုက သူ့မေမေနဲ့နှစ်ယောက်တည်းနေလာတာကြောင့် ယွန်းတို့နောက်ထပ်အိမ်မဝယ်တော့ဘဲ ကိုကို့ရဲ့အိမ်မှာဘဲနေဖြစ်သွားလေသည်။

ကိုကိုရဲ့မေမေနဲ့အတူတူနေပေမယ့် ယွန်းက ကံကောင်းတယ်လို့ပဲပြောရမလား မေမေက ယွန်းကို အရမ်းချစ်လေသည်။ အရာအရာ ယွန်းကို အမြဲဦးစားပေးပြီး အလိုလိုက်တာကြောင့် တစ်ခါတစ်လေ ကိုကိုကတောင် သူက အမေ့သမီးလား ငယ်ကအမေ့သမီးလား
ဆိုပြီး ပြောနေကြ..ယွန်းလည်း မေမေ့ကို ချစ်ရပါသည်။

ကိုကို့ ရဲ့ ငယ် ♥ Uni+ZawWhere stories live. Discover now