Part 9 uni +Zaw

2.8K 238 17
                                    

ကိုကို့ ရဲ့ ငယ်

အပိုင်း ၉

မနေ့က ငယ်နဲ့ ဒိတ်ပြီးကတည်းက လူ က ပြုံးနေရာကနေ မရပ်နိုင်။
အမေကတောင် အကြောတွေ ဘာတွေ ဆွဲသွားတာလားဆိုပြီးမေးနေသေးတယ်။ ဪ..အမေရယ် အသစ်ဆက်ဆက် ချစ်သူလေးနဲ့
တနေကုန် လျှောက်လည်ကြပြီး အိမ်မက်ထဲမှာ အမြဲ ထိတွေ့ချင်ခဲ့တဲ့ သူ့နှုတ်ခမ်းလေးကို အားရပါးရ စားသုံးလာရတာ ဘယ်လောက်ကြည်နူးဖို့ကောင်းတယ်ဆိုတာ အမေ မသိပါဘူးအမေရယ်🤤🤤🤤

ဒီနေ့လည်း ကျောင်းရောက်ကတည်းက ပြုံးပြုံးကြီး  ပိုးစံကတောင်
နေပူလွန်းလို့ ဂေါက်သွားတာလားဆိုပြီး စနေသေးတယ်..သာမန်အချိန်ဆို ပြန်ပြောမိမှာဆိုပေမယ့် ဒီနေ့ကတော့ မိုးလင်းကတည်းက
အရာအားလုံးက လှပနေတယ်လေ အခု ပိုးစံ စနေတာတောင်
နားထဲမှာ နားဝင်ကို ချိုလို့ အာ..ကမ္ဘာကြီးက ဘာလို့ဒီလောက်
လှပနေတာလည်းနော်... မေ့လို့  ..ပြောစရာကျန်နေခဲ့သေးတယ်

ဘာလည်းဆိုတော့ ပိုးစံနဲ့ ကျွန်တော်နဲ့က တက္ကသိုလ်အတူတူပဲ
ပြီးတော့ ကျွန်တော် ငယ့်ကို စချစ်နေကတည်းက ဒေါ်ပိုးစံက သိနေတယ်လေ ဒါကြောင့် အမြဲတမ်း ကျွန်တော်နဲ့ ငယ့်ကို ကျားချောင်းသလို ချောင်းနေတာ အခုတော့ ချစ်သူဖြစ်သွားပြီဆိုတော့
တစ်ဝိုင်းလိုက်ကျွေးခိုင်းနေတာ.. လူမှ မနေ့က ငယ်နဲ့ ကဲထားလို့
ပိုက်ပိုက် အိပ်ကလေး က ပါးနေပါတယ်ဆို သူက တစ်ဝိုင်းဝယ်ကျွေးခိုင်းတော့ အမယ်လေး အေးချမ်းရယ် ဒီတစ်ပတ်တော့ ရှိသမျှ
မုန့်ဖိုးလေးတွေပြောင်ရောပေါ့နော😩😩

ညနေ ဂိုက်တန်းရောက်လာပြီဆိုကတည်းက လူက တက်ကြတဲ့
ကြက်ဖကြီး အသွင်ကို ဆောင်လို့ အချစ်တွေပြည့်နှက်နေတဲ့ ကျောင်းတော်ကြီး ကို ချီတက်ခဲ့တယ်...

တံခါးလေးဖွင့်လိုက်ပြီဆိုကတည်းက လှည့်ကြည့်လာတဲ့ ကျွန်တော်ရဲ့ သဲငယ်လေး 😍😍😍ချစ်ဖို့ကောင်းလွန်းလို့ အိမ်ကို တစ်ပါးထဲခေါ်သွားပြီး ပြန်တောင် မလွှတ်ပေးချင်တော့ဘူး စိတ်ထိန်း
စိတ်ထိန်း ဟိုက ဆယ်တန်းတောင် မပြီးသေးတဲ့ ကလေးလေးပဲ
ရှိသေးတယ်... တော်ကြာ အသက်မပြည့်သေးတဲ့ ကလေးကို
ဖျားယောင်းသွေးဆောင်တယ်ဆိုပြီး ဂျေးထဲအောင်းနေရအုန်းမယ်
ဘာပဲဖြစ်ဖြစ် ငယ်သာ အသက်ပြည့်တဲ့နေ့ကျရင်တော့ ဟွန်း ဟွန်း
ဟွန်း😎😎😎(လူယုတ်မာ အပြုံးကြီးနဲ့ ကလေးကို ကြံစည်နေသော အေးချမ်းကိုကို)

ကိုကို့ ရဲ့ ငယ် ♥ Uni+ZawWhere stories live. Discover now