Part 1 ♥Uni+Zaw

5.3K 349 2
                                    

ကိုကိုရဲ့ ငယ်

အပိုင်း (1)

ကျွန်တော့်နာမည်က အေးချမ်းကိုကိုပါ Tomboy ပေါ့နော်
အသက်ကတော့ ၁၇ နှစ် ပေါ့ မိဘကတော့ အမေတစ်ယောက်ပဲရှိတော့တယ်  အမေကတော့ သူနာပြုတစ်ယောက်ပါ ဆေးရုံကြီးမှလည်း အလုပ်လုပ်သလို အပြင်ဆေးရုံတစ်ခုမှာလည်း လုပ်တယ် သားအမိနှစ်ယောက်ထဲဆိုပေမယ့် ပြေလည်ပါတယ် အဖေကတော့မသေခင်ကတည်းက အလုပ်အကိုင် မရှိဘဲ အရက်ပဲ သောက်နေတော့ အရင်ကတည်းက အမေ့လုပ်စာ တစ်ခုတည်းနဲ့ လည်ပတ်ခဲ့ရတယ်။

အဖေကတော့ ကျွန်တော် ၉တန်းတက်မယ့်နှစ်မှာ
ဆုံးသွားတယ်လေ အဖေသေတော့ အမွေရတဲ့ မြေကွက်လေးကို
ရောင်းပြီး အိမ်နဲ့နီးတဲ့ ကိုယ်ပိုင်ကျောင်းတစ်ခုမှာ ကျောင်းတက်ခဲ့တယ် ကိုယ်ပိုင်ကျောင်းဆိုပေမယ့် ဘောဒါလိုသဘောမျိုးပါဘဲ
ဟိုလို ကိုယ်ပိုင်ကျောင်း ကြီးမဟုတ်ပါဘူး အစိုးရကျောင်းတစ်ခု
နဲ့ တွဲထားရတာ သဘောက အဲ့ တွဲထားတဲ့ အစိုးရကျောင်းမှာ
စာရင်းသွင်းထားပြီး  ကျောင်းတက်စရာမလိုဘူး တကယ်တက်ရတာက ကိုယ့်ရဲ့ ဘောဒါကျောင်းမှာပေါ့ ပညာရေးမှူးတွေ ဘာတွေ
လာစစ်မယ့်ရက်မှ ရှိတယ်သဘောမျိုးနဲ့ နေ့ခင်းတစ်ဝက်လောက်ပဲ
ဟန်ပြသွားတက်ရတာ ။ ဘောဒါကျောင်းပေမယ့် စျေးကတော့
အပြင်က ကိုယ်ပိုင်ကျောင်းနီးပါးလောက်ပေးရတာ။

စည်းကမ်းကလည်းကောင်း အောင်ချက်ကလည်း မြင့်ဆိုတော့
ထားတဲ့လူတွေလည်း များတာပေါ့ ။ အဲ့မှာ အမေက မြေရောင်းလို့
ရတဲ့ငွေနဲ့ ကျောင်းထားပေးခဲ့တာ။ ကျန်တဲ့ငွေကိုတော့ အမေက
သူ့ညီမရဲ့ စားသောက်ဆိုင်မှာ ရင်းနှီးမြုပ်နှံလိုက်တယ်။

အမေ့ညီမက လက်ရာလည်းကောင်း ဆိုင်လေးကလည်း အပြင်အဆင်ကလည်းကောင်း စျေးကလည်း သင့်တော့ ဖွင့်ပြီး
လေးငါလလောက်အကြာမှာ တော်တော်လေးနာမည်ကြီးလာတယ်။
ဆိုင်ကနေရလာတဲ့ အမြတ်ရဲ့ လေးပုံ ပုံ တစ်ပုံကို အမေကရတယ်လေ ။ အဲ့တော့ ပြောရမယ်ဆိုရင် အဖေဆုံးပြီးနောက်ပိုင်း ပိုပြီး
ပြေလည်တာတယ် လို့ ပြောရမှာပေါ့။

ဆယ်တန်းအောင်စာရင်းထွက်တော့ လေးဘာသာ ဂုဏ်ထူးပါခဲ့တယ်။အမေကလဆရာဝန်ဖြစ်စေချင်ပေမယ့် အမှတ်မမှီတော့
ဆေးဘက်ဆိုင်ရာနည်းပညာပဲတက်ခဲ့ရတယ်။ ကျွန်တော်တို့ကျောင်းမှာ တစ်ခုရှိတယ်။

ကိုကို့ ရဲ့ ငယ် ♥ Uni+ZawWhere stories live. Discover now