Part 29 Uni+Zaw

2.4K 203 34
                                    

ကိုကိုရဲ့ငယ်

အပိုင်း ၂၉

"ကိုကို"

ဟုတ်တယ် သူမှ..သူအစစ်.. ယွန်း ဘယ်လောက်တောင် ကြောင်ကြည့်နေမိသည်မသိ နောက် ကျ သူလည်း ယွန်းကို တွေ့သွားတဲ့ပုံပေါ်သည်။ ယွန်းကို တွေ့သွားတဲ့အချိန် သူ့မျက်နှာမှာ အံ့သြောမှုက အထင်သား.. နောက်တော့ ယွန်းရှိရာကို လာနေတာကြောင့် ယွန်းချက်ချင်း စားပွဲဝိုင်းမှ ထကာ ဆိုင်အပြင်ကို ထွက်လာလိုက်သည်။

ဆိုင်အပြင်မှာရပ်ထားတဲ့ ကားပေါ်ကို ချက်ချင်းတက်လိုက်ပြီး ထိုနေရာမှ အမြန်ဆုံး ထွက်လာခဲ့လိုက်တော့သည်။ နောက်တော့မှ
ဆိုင်ထဲမှာ ဖူးပွင့်ကျန်ခဲ့မှန်း ယွန်းသိလိုက်သည်။ ယွန်းထွက်သွားတော့ သူယွန်းအနောက်ကနေ လိုက်လာတာသိပေမယ့် ချက်ချင်းကားမောင်းထွက်သွားတာကြောင့် သူ ယွန်းနောက်ကို ဆက်လိုက်လို့မရတော့..

ယွန်းစိတ်ထဲမှာ အရမ်းမွန်းကျပ်နေတာကြောင့် ကားကို လမ်းဘေးတစ်နေရာကို ချရပ်လိုက်ပြီး ကားစီယာတိုင် ပေါ် လက်နှစ်ဖက်ကို
ခေါင်းခုလိုက်ပြီး ငိုချင်နေတဲ့စိတ်ကို လွှတ်ချလိုက်တာနဲ့ ယွန်းမျက်နှာပေါ်ဝယ် မျက်ရည်တွေအပြည့်လွှမ်းမိုးသွားလေသည်။

သူ့ကို ပြန်တွေ့တဲ့အခါ မငိုမိစေဖို့ ယွန်း စိတ်ကို အကြိမ်ကြိမ် ထိန်းထားခဲ့ရပြီး သူ့ရင် ခွင်ထဲမှာ ခိုဝင်ချင်နေတဲ့စိတ်ကိုလည်း မနည်းဖျောက်ဖျက်ပစ်ခဲ့ရသေးသည်။ ပြန်တွေ့ခဲ့ရင် ခံနိုင်ရည်ရှိမယ်လို့
ထင်ခဲ့တဲ့ နှလုံးသားဟာလည်း အခုတော့ နာကျင်လို့နေခဲ့ပြီ။
နှစ်တွေသာကြာသွားပေမယ့် သူ့အပေါ် ထားခဲ့တဲ့ အချစ်တွေက မပြောင်းလဲသွားသေးပေ...မနေ့တစ်နေ့ကမှ အချစ်ကိုကြုံတွေ့ဖူးတဲ့
ဆယ်ကျော်သက်လေးလို လတ်ဆဲမြဲ လတ်ဆတ်နေဆဲ...

သူ...အရင်ကထက် အရပ်ပိုရှည်လာတယ်..အသားလည်း အရမ်းဖြူလာတယ်..ဒါပေမယ့် ပိန်သွားတယ်..ညတွေလည်းမအိပ်ဘူးလားမသိ..မျက်တွင်းလေးတွေကို ချိုင့်လို့...ဟာ..တော်ပြီကွာ..
မတွေးတော့ဘူး... အိပ်တော့မယ်..ဟုတ်တယ်.. မေယွန်းငယ်..
နင်နဲ့သူနဲ့က ဘာမှမဆိုင်တော့ဘူး သူ့အကြောင်းတွေးစရာလည်း
မလိုဘူး..အိပ်ရမယ်..ဟုတ်တယ်...အိပ်ရမယ်

ကိုကို့ ရဲ့ ငယ် ♥ Uni+ZawTempat cerita menjadi hidup. Temukan sekarang