Part 23 Uni+Zaw

2K 212 22
                                    

ကိုကိုရဲ့ ငယ်

အပိုင်း ၂၃

"ဒါဆို နင်က နောက်လကျရင် ပြန်တော့မှာပေါ့"

ဟယ်လန်ရဲ့ အမေးကို ယွန်းခေါင်းငြိမ့်ပြလိုက်တော့ ဟယ်လန်နဲ့
လူစီအတူတူ သက်ပြင်းချလိုက်ကြသည်။ကျောင်းပြီးရင် ကမ္ဘာပတ်ပြီး ကဲကြမယ်လို့ အချင်းချင်း တိုင်ပင်ထားကြသည်မဟုတ်လား..
အခုတော့ စီစဥ်ထားသမျှအကုန်လုံးက သဲထဲရေသွန်...

"ကဲပါ လူစီရယ် ဘာဘီက အခုချက်ချင်းပြန်မှာမှ မဟုတ်တာ
တစ်လတောင်နေအုန်းမှာဘဲ အဲ့တစ်လအတွင်း ငါတို့ တစ်နေရာရာတော့ သွားရမှာပါ "

ဟယ်လန်ရဲ့ စကားကို ကြားမှဘဲ မှုိင်နေတဲ့ လူစီရဲ့ မျက်နှာလေးက ဝင်းပလာတော့သည်။ဘာဘီအရုပ်မလေးနဲ့တူလို့ ဘာဘီဆိုပြီး ချစ်စနိုးနဲ့ခေါ်ရတဲ့ ယွန်းဆိုတဲ့ မြန်မာမလေးက လူစီအတွက်တော့
အချစ်ရဆုံးသူငယ်ချင်းမလေးပင်။ အရမ်းလည်း ချစ်စရာကောင်းသလို စိတ်ထားလေးကလည်း အရမ်းလှတာကြောင့် တစ်ခါတစ်လေ သူနဲ့ ဟယ်လန်နဲ့ အမြဲလုနေရကြ။

အိမ်မှာဆို ကျောင်းအကြောင်းပြောပြီဆို လူစီ့အတွက်က ဘာဘီ အကြောင်းက မပါမဖြစ်..အိမ်က လူတွေတောင် ဘာဘီကို
မတွေ့ရကတည်းက ချစ်နေကြတာပင်..ဟိုနေ့က ဘွဲ့ယူတဲ့နေ့က
တွေ့တော့ လူစီ့မိဘတွေဆို ဘာဘီ့အနားကတောင် မခွာချင်ကြ..
ဘာဘီက အပေါင်းအသင်းဆက်ဆံရေး ကောင်းသလို သူတစ်ဖက်သားကို လည်း အရမ်းအလေးထားတတ်သည်။

ဘာဘီက သူ့အကြောင်းပြောဖြစ်တာထက် အခြားသူအကြောင်း
ကို ပိုပြောလေ့ရှိသည်။ နောက်ပြီး တစ်ဖက်လူကို အရမ်းစာနာတတ်တာကြောင့် ဘာဘီ့ရဲ့ အတိုကောက် နာမည်ပြောင်က Angel
တဲ့လေ..ကျောင်းမှာဆို ဘာဘီ့ကို ချစ်တဲ့လူက ခပ်များများ..
မချစ်တဲ့လူဆိုတာ တေယ်တေယ်ရှားသည်..အခုတော့ ဒီကောင်မလေးနဲ့ ခွဲရတော့မည်ဆိုတော့ လူစီ စိတ်မကောင်းဖြစ်မိသည်မှာအမှန်ပင်....

"အင်းပါ ဒါပေမယ့် ဘာဘီနော် ငါတို့ကို ဒီတစ်လလုံး အချိန်ပေးရမှာ"

"ဒါပေါ့ ဒီတစ်လအတွင်းမှာ ရှင်တို့နှစ်ယောက်ဘယ်သွားချင်လည်း ဘာဘီ က အကုန်ဒကာခံမှာ"

ကိုကို့ ရဲ့ ငယ် ♥ Uni+ZawWhere stories live. Discover now