Part 3 uni + zaw

3.2K 258 0
                                    

ကိုကို့ရဲ့ ငယ်

အပိုင်း (3)

ဒီနေ့ ဂိုက်တွေ စဖွင့်မည်ဆိုတာကြောင့် ရေမိုးချိုး ထမင်းစားပြီး
ပိုးစံအိမ်ကို ဝင်ကာ ခေါ်၍ နှစ်ယောက်အတူတူ ကျောင်းကို လာလိူက်သည်။ ပိုးစံကော ကျွန်တော်ကောရဲ့ အိမ်က ကျောင်းနှင့်တစ်ပြလောက်သာဝေး၍ နှစ်ယောက်လုံး လမ်းလျှောက်၍ သာ လာလိုက်သည်။

တိုက်ပေါ်တက်လာပြီး အခန်းတံခါးဖွင့်လိုက်သောအခါ ကျောင်းသူတော်တော်များများကို တွေ့လိုက်သည်။ ဒီနှစ် ကျောင်းသူတွေများသားပဲ  ... အကုန်လုံးက ကျွန်တော့်ကို လူထူဆန်းလိုလိုက်ကြည့်နေသည်။ အေးလေ ကြည့်မှာပေါ့ ကျွန်တော်က မိန်းကလေးမှန်း သူတို့မှမသိတာ မနှစ်ကလည်း အဲ့တိုင်းပဲ နောက် မိတ်ဆက်တော့မှသိတာ... ကျွန်တော့်ကို ကြည့်နေတဲ့ ကျောင်းသူတွေကို ပြန်ကြည့်နေခိုက် တစ်နေရာအရောက် ကျွန်တော့် နှလုံးခုန်သံတွေ အရမ်းမြန်လာသည်။

အဲ့တာကတော့ တခြားမဟုတ် ကျွန်တော့်ရဲ့ အတွေးထဲကို ခဏခဏ ဝင်ရောက်နေတဲ့ ကောင်မလေး.... ကျောင်းရှေ့မှာတွေ့ခဲ့တဲ့ ကျွန်တော့်ရဲ့ ရင်ခုန်သံလေး ...သူလည်း ဒီကျောင်းမှာတက်နေတာလား.... အားလားလား ပျော်လိုက်တာ..😏😏😏
ပြုံးချင်နေတဲ့မျက်နှာကို မနည်း မျက်နှာပိုးသတ်ထားရတယ်.
ရင်ထဲမှာလည်း ဗုံးတွေ အလုံးတစ်ထောင်လောက်ပေါက်သွားသလိုပဲ ဟုတ်တယ်လေ ကိုယ် ကြိတ်ပြီး ချစ်နေခဲ့ရတဲ့ ကောင်မလေးကို
နေ့တိုင်းတွေ့ရတော့မှာဆိုတော့ 😊😊😊😊

သူလည်း ကျွန်တော့််ကို တွေ့တော့ အံသြသွားပုံပါပဲ
သူနဲ့ ကျွန်တော်နဲ့ အကြည့်ချင်းဆုံနေတာကို ဘေးက သူ့သူငယ်ချင်း သာသနာဖျက်လေးက သူ့ကို ခေါ်လိုက်လို့ နှစ်ယောက်သား
အကြည့်ချင်းဆုံနေတာလေးပျက်သွားတယ် ဟွန့် 😒😒😒

နောက်တော့ သူ့ဆီကနေကို ကျွန်တော့်မှာမျက်လုံးမခွာနိုင်တော့ဘူး
ဂိုက်တွေမိတ်ဆက်နေတာတောင် ကိုယ့်အလှည့်ရောက်မှန်းမသိလို့
ပိုးစံ က လှမ်းပြီး သတိပေးတော့ မှ သိတော့တယ် ကိုယ့်ရဲ့ ရင်ခုန်သံလေးရေ မင်းကတော့ မင်းဆီကနေ အကြည့်မခွာနိုင်အောင်ကို
ဆွဲဆောင်နိုင်လွန်းတယ်ကွာ..

ကိုကို့ ရဲ့ ငယ် ♥ Uni+ZawWhere stories live. Discover now