Part 15 Uni +Zaw

2.5K 204 8
                                    

ကိုကို့ ရဲ့ ငယ်

ငယ်စိတ်ဆိုးပြီးတဲ့နောက် ပိုးစံကို ပြောကာ မေသဇင့်ကို တာဝန်ယူခိုင်းလိုက်သည်။ မေသဇင်နဲ့လည်း ခပ်ခွာခွာနေလိုက်တော့မှ
ငယ် က ပုံမှန်အတိုင်း ဆက်ဆံလေ၏။

ဘာလိုလိုနဲ့ အချိန်တွေကုန်လွန်လာလိုက်တာ နှစ်လပိုင်းထဲကို ရောက်ရှိလာတော့သည်။မကြာခင်မှာလည်း  V day ကလည်း ရောက်တော့မှာဆိုတော့ ကျောင်းသားများကတော့ စာမေးပွဲနီးပေမယ့်လည်း တက်ကြွတဲ့ ကြက်ဖကြီးတွေကျလို့။ ဒါက သူတို့အတွက်
အခွင့်အရေးပဲလေ။ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလို ဆယ်တန်းလည်းပြီး ရည်းစားလည်းရအောင် အဲ့နေ့ကျ ချောကလက်လေးပေးရင်း ရည်းစားစကားလည်းပြောရင်းပေါ့။

ချစ်သူရှိတဲ့အတွဲတွေကျ အပြန်အလှန်လက်ဆောင်ပေးရင်းနဲ့
ro ပေါ့။ ဒါပေမယ့်အတန်းထဲမှာ အတွဲတွေတော့ သိပ်မရှိ။ နှစ်တွဲလောက်ပဲရှိတယ်။ဒါတောင် ဆရာမတွေ မသိအောင် သိုးသိုးသိပ်သိပ်နဲ့နေရတာ။ ကျွန်တော်တို့လို ဂိုက်တွေကျ သူတို့က ပြောပြရှာ
ပါတယ်။ကိုယ်တွေကလည်း ဒီလိုအရွယ်ကနေ တက်လာတာ မကြာသေးဘူးဆိုတော့ အချင်းချင်းနားလည်ပေးကြပါတယ်။ ဘယ်သူက
ဘယ်သူနဲ့ တွဲ  ေနတယ်ဆိုတာ သိပေမယ့်လည်း ဆရာမတို့ ဆရာတို့ကိုတော့ ပြန်မတိုင်ကြပါဘူး ။

ဆရာမတွေသိသွားတဲ့အတွဲကျတော့လည်း မချောင်ပါဘူး။ ကိုယ်တွေကတော့ သူတို့အတွက် စိတ်မကောင်းရုံမှတပါး မတတ်နိုင်ဘူးလေ။ ဆရာမတွေ သိသွားတယ်ဆိုတာကလည်း သူတို့ ကျောင်းသားအချင်းချင်းမကျေနပ်လို့ ဆရာမတို့ကို သွားတိုင်
တာကနေ သိသွားကြတာပါ။ တချို့ကလည်း ဖင်အရမ်းယားလွန်လွန်းလို့ကို ဆရာမတွေ သိသွားတာပါ။ ဘယ်လိုလည်းဆိုတော့
နေ့တိုင်း အကျီအရောင်ဆင်တူ ဝတ်တာတို့ အတန်းထဲမှာတင် ချစ်ကြည်နူး တစ်တီတူးနေကြတာလေ။

အတန်းထဲမှာ cctv တပ်ထားတော့ ဆရာက တစ်ခါတစ်လေ cctv ပြန်ကြည့်တာကနေ တွေ့သွားပြီးပေါ်တာပဲ။ အဲ့လိုအတွဲမျိုးကြ ဆရာတို့သိသွားလေ ကိုယ်က ပိုကြိုက်လေပဲ။ဟုတ်တယ်လေ
ခင်ဗျားတို့ပဲ စဥ်းစားကြည့်။ တစ်ခါတစ်လေ သူတို့ရှေ့မှာ ဂိုက်တွေရှိတာတောင်မရှောင်ဘူး။ ဘယ်လောက်ပဲ သူတို့အကြောင်းကို သိပါတယ်ပြောပြော အနည်းဆုံးတော့ လေးစားမှုတော့ ရှိသင့်တာပေါ့။ သူတို့က အဲ့လိုကြီးလုပ်မှတော့ လူတိုင်းက မျက်စိဆံပင်မွှေးစူးပြီလေ။ဒါကြောင့် အဲ့လိုအတွဲတွေ သိသွားတဲ့အခါကြရင် လူတိုင်းက
ဝမ်းတောင်သာသေး။

ကိုကို့ ရဲ့ ငယ် ♥ Uni+ZawWhere stories live. Discover now