Part 17

2.2K 181 10
                                    

ကိုကို့ ရဲ့ ငယ်

အပိုင်း ၁၇

ဘာလိုလိုနဲ့ နောက်ဆယ်ရက်နေရင် အောင်စာရင်းတောင် ထွက်တော့မည်။ အောင်စာရင်းထွက်မှာက ငယ်..မနေနိုင် မထိုင်နိုင်ဖြစ်နေတာက ကျွန်တော်ပင်။ ကျွန်တော့်မှာညတိုင်း ငယ့်ကို ဖုန်းဆက်ပြီး စိတ်တွေ မလှုပ်ရှားဖို့ပြောလိုက် ထွက်လာလို့ ကိုယ်မျှော်မှန်းထားသလို မဖြစ်ရင်လည်း စိတ်ကို အတတ်နိုင်ဆုံး ပြင်ဆင်ထားဖို့မှာလိုက်နဲ့...အမှန်တော့ကျွန်တော်ကသာ ငယ့်ကို မှာနေတာ
ငယ်ကတော့ အေးဆေးပင်။ မအေးဆေးတာက ကျွန်တော်..
ဖြေထားတဲ့သူက အဲ့လောက် စိတ်မလှုပ်ရှား ဘေးက ကျွန်တော့်မှာတော့ ညတိုင်းလိုလို ဆုတွေတောင်းနေရလေသည်။ တစ်ယောက်ယောက်သာ မြင်ရင် ကျွန်တော်က စာမေးပွဲဖြေထားတဲ့အတိုင်း...

အခုတော့... မျှော်လင့်ခဲ့ရတဲ့ နောက်ဆုံး နေ့လေးရောက်လာလေပြီ။
အောက်စာရင်းက မနက် ၆ နာရီကစလို့ ကျောင်းတွေမှာ ကပ်ပေးမှာဖြစ်ပေမယ့် ကျွန်တော်တို့လို ဘော်ဒါတွေကျ မနက်လေးနာရီလောက်ကတည်းက သိရသည်။ နောက်ဆုံးတော့ တောင်းတဲ့ဆုက
ပြည့်သွားပြီလေ။ ငယ်က သူမျှော်မှန်းထားတဲ့ အတိုင်း ခြောက်ဘာသာ ဂုဏ်ထူးထွက်သည်။

ကျွန်တော့်မှာတော့ သိသိချင်း ပျော်လွန်းလို့ အမေ့ကို ဖက်လိုက်
အော်လိုက် ခုန်ပေါက်လိုက်နဲ့.. အမေကတောင် ပြောသေးတယ်။
ငါ့သမီးရယ်..နင်အောင်စာရင်းထွက်တုန်းကတောင် ဒီလောက်မပျော်ဘူး အခု နင့်တပည့်ထွက်တာ အဲ့လောက်ပျော်ရသလားတဲ့..
အမေကတော့ ဪ..ငါ့သမီးလေးက ဆရာစိတ်ဓာတ်အရမ်းကို ပြည့်ဝတဲ့ သူလေးလို့ သေချာပေါက်တွေးမှာပေ။ ကိုယ်ကတော့ ကိုယ့်
ချစ်သူ ဂုဏ်ထူးတွေအများကြီးပါလို့ အရမ်းပျော်နေတယ်ဆိုတာ
ကိုယ့်ဘာသာ ကိုယ်ပဲ သိသည်။ ဒါကိူ အမေသာသိသွားလို့ကတော့
မွေးရကျိုးနပ်လိုက်တာ ဆိုပြီး ပြောမှာတော့ အမှန်ပင်။

ဒီနေ့ကတော့ အောင်စာရင်းထွက်ပြီး ကျောင်းကို အောင်တဲ့လူတွေ ဂုဏ်ထူးထွက်တဲ့ လူတွေ လာကြပြီး ဆရာတွေက ချီးကျူးစကားပြောလိုက် မုန့်တွေသားလိုက် အရင်က အတန်းထဲမှာဘယ်သူက ဘယ်သူ့ကို ကြိုက်နေတာ ဆိုပြီး ငယ်ကျိုးငယ်နာတွေ ဖော်လိုက်နဲ့ ပျော်စရာ အတိ။ ငယ်ကတော့ အားလုံးထဲမှာ ဂုဏ်ထူးအများဆုံး
ထွက်တာမို့ ကျွန်တော့်အတွက်က ပိုဂုဏ်ယူစရာပင်။ဘာလို့ဆို ငယ်က ကိုယ့်တပည့်ကိုး။ ကိုယ်ဂိုက်ပေးတဲ့ ကျောင်းသားက ဂုဏ်ထူး
ထွက်တယ်ဆိုတာ ဆရာတစ်ယောက်အနေနဲ့တော့ တော်တော်လေး
ဝမ်းမြောက်ရသည် မှာ အမှန်ပင်။

ကိုကို့ ရဲ့ ငယ် ♥ Uni+ZawWhere stories live. Discover now