Part4 uni+zaw

3K 252 0
                                    

ကိုကိုရဲ့ငယ်

အပိုင်း (4)

ဂိုက်သင်တာ တစ်လတောင်ကျော်လာပြီ။ဒီအတောအတွင်း
ငယ်တို့နဲ့လည်း အရမ်းခင်လာသည်။ အထူးသဖြင့် ဖူးပွင့်ခိုင်ဆို
တဲ့ဖူးဖူး။ ကျွန်တော်ကတော့ သူ့ကို ဖူးဖူးလို့ပဲခေါ်သည်။အဓိက
အကြောင်းအရင်းက သူက ငယ့်ကို အတန်းထဲက ဘယ်ကောင်က
ကြိုက်နေသည် စာပေးသည် အဲ့ဒါတွေအကုန်လုံး ကျွန်တော့်ကို
ပြောပြသည်။

နောက်ပြီး ဖူးဖူး က ခင်ဖို့လည်းကောင်းတယ်။
စပ်သာစပ်စုပေမယ့် သူများထိခိုက်စေမယ့် အရာ ဝမ်းနည်းစေမယ့်အရာတွေကို သူဘယ်တော့မှ မလုပ်။ သူတစ်ပါးကိုလည်း
အနွံနာ ခံစိတ်ရှိသည်။ ဒါကြောင့် သူတို့ငါးယောက်ထဲမှာဆို
ဖူးဖူးကို ပိုခင်မိတယ်။ ငယ်ကတော့ ချွင်းချက်ပေါ့နော်။

တစ်ခါတစ်လေစဥ်းစားမိတယ် ။ဘာလဲဆိုတော့ ဖူးဖူးက အမြဲ
ကျွန် ေတာ့်ကိုငယ့်အကြောင်းတွေသာပြောပြလေ့များသည်။ တခြားအကြောင်းအရာဆိုလို့ သူကြိုက်တဲ့ idol တွေ အကြောင်းပဲ
ပြောလေ့ရှိသည်။

ငယ် ကလည်း တစ်ခါတစ်လေ ဖူးဖူးနဲ့ ကျွန်တော်
ကပ်ပြီး စကားတွေများနေပြီဆိုရင် မျက်စောင်းထိုးလေ့ရှိတယ်။
ဒါကတော့ ကျွန်တော်အမြဲသတိထားမိတဲ့အချက်တစ်ချက်။
နောက်ပြီး ကျွန်တော့်ကို ဆိုရင် ကျန်တဲ့သူတွေနဲ့ မတူ
တအားချွဲတယ် နောက်ပြီး ဆိုးတယ် ။

အာ့ကြောင့် သူလည်း ကျွန်တော်နဲ့ ထပ်တူ ခံစားချက်များရှိနေသလားလို့ ထင်မိစမြဲ။ဖူးဖူးကလည်း ကျွန်တော့်ကို ရည်းစားရှိမရှိ ကြိုက်တဲ့လူရှိမရှိ အမြဲတမ်းမေးတယ်။ နောက်ပြီး သူအမြဲတမ်းပြောလေ့ရှိတဲ့စကားတစ်ခွန်း ။ ဘာလည်းဆိုတော့ မမအေးချမ်းကို ကြိုက်တဲ့လူတွေ အများကြီးရှိတယ်မလား အာ့ကြောင့် တစ်ချို့သောသူတွေ အမြဲသဝန်တိုနေရတယ် တဲ့။ ဖူးဖူးက အဲ့စကားပြောပြီးတိုင်း အမြဲ ငယ့်ဘက်ကို လှည့်ကြည်တယ်လေ။

အဲလိုသော အကြောင်းအရာတွေကြောင့် သူလည်း ကျွန်တော့်လိုများလားလို့ တွေးမိတယ်။သူကတော့ မသိ ကိုယ်ကတော့ ဒီရက်ပိုင်းတော်တော် ဒေါသထွက်နေရသည်။ ဘာကြောင့်လည်းဆိုတော့ ဟို မာန်ဆက်မိုးမြင့် ဆိုတဲ့အကောင်က ငယ့်ကို စိတ်ဝင်စားပြီး ချစ်နေကြောင်း ကို ပိုးစံက တစ်ဆင့် ပြောခိုင်းတယ်လေ။ ကြားတုန်းက ဆို လူက ဂယောင်ခြောက်ခြားဖြစ်သွားပြီး သူလက်ခံလိုက်မှာလား ဆိုတဲ့အသိက ေန့နေ့ည ည ကျွန်တော့်ကို နှိပ်စက်နေတာ။

ကိုကို့ ရဲ့ ငယ် ♥ Uni+ZawWhere stories live. Discover now