Part 16 Uni+Zaw

2.3K 188 10
                                    

ကိုကို့ ရဲ့ ငယ်

အပိုင်း ၁၆

နောက်ဆုံးတော့ ဆယ်တန်းကျောင်းသားအားလုံး မျှော်လင့်စောင့်ဆိုင်းခဲ့ရတဲ့နေ့လေးရောက်ရှိခဲ့ပါတော့သည်။ အဲ့ဒါကတော့
ဆယ်တန်းကျောင်းသားတွေရဲ့ အစိုးရစစ်စာမေးပွဲ စတင်ဖြေဆိုမည့်နေ့ပင်ဖြစ်လေသည်။

မြန်မာစာဖြေမယ့်နေ့...
ကျောင်းကနေ ကျောင်းသားကျောင်းသူတွေကို express ကား
နှစ်စီးနဲ့လိုက်ပို့ပေးသည်။ ကျောင်းသား တွေနဲ့ ဆရာ ဦးမြင့်မြတ်ကို
က တစ်စီး ကျောင်းသူတွေနဲ့ ဆရာမကြီး ဒေါ်ခင်အုန်းမြင့်က တစ်စီး
နဲ့ လိုက်ပို့ပေးသည်။ ကျောင်း အဝင်ဝ အထိ ကားက ဝင်လို့မရတာကြောင့် ကျောင်း အပေါက်ရဲ့ တစ်ပြအလိုမှာပင် ကားတွေအကုန်ရပ်ရသည်။

နောက်တော့ ကားတွေရပ်ရတဲ့နေရာမှာပင် ကြိုးတွေနဲ့စည်းတားထားလေ၏။ ထိုစည်းအတွင်းသို့ ကျောင်းသားတွေနဲ့ ကျောင်းသားတွေကို လိုက်ပို့သည့် မိဘ တွေ ဆရာတွေ သာ ဝင်ရ၍ ထိုစည်းမှ စကာ
ကျောင်းအပေါက်ရောက်တဲ့အထိတော့ အကုန်လုံးလမ်းလျှောက်ရလေသည်။ကျွန်တော်တို့ ဂိုက်တွေကတော့ စာမေးပွဲဖြေတဲ့ ကျောင်းကို မလိုက်ရတာကြောင့် ငယ့်အတွက် အိမ်မှာနေ၍ ဆုတောင်းပေးနေရုံမှတစ်ပါး မတတ်နိုင်ပေ။

ညဂိုက်တန်းရောက်တော့ ငယ်ကော ကျန်တဲ့ကျောင်းသူတွေကော ဖြေနိုင်ရဲ့လားမေးကြည့်တော့ ငယ်ကတော့ အေးဆေး ဂုဏ်ထူးထွက်တယ်လို့သာ ပေါ့ပေါ့ပါးပါးဖြေလေတယ်။တစ်နေကုန် ငယ်ဖြေမှဖြေနိုင့်ပါမလားလို့ ဆိုပြီး စိတ်ပူနေရတာ။ ငယ်ရဲ့ ဖြေနိုင်တယ်လို့
အသံလည်းကြားရော ကျွန်တော့်ရင်ထဲက အပူလုံးကြီးက ကျသွားတော့တယ်။ကျန်တဲ့သူတွေကလည်း ဖြေနိုင်တယ်လို့ပြောတဲ့သူကပြော အပုဒ်တွေကျန်ခဲ့လို့ ဆိုပြီး စိတ်ညစ်ညစ်နဲ့ပြောတဲ့သူကပြောနဲ့
ဆရာရောက်လာတော့မှဘဲ အသံတိတ်သွားပြီး နောက်ဖြေမယ့်
အဂ်လိပ်ဘာသာကို စကျက်တော့တယ်။

ဆရာတို့ကတော့ စာမေးပွဲဖြေပြီဆိုကတည်းက ဘာ ဖိအားမှမပေးတော့။ နောက်ပြီး ဂိုက်တန်းကိုလည်း နာရီဝက်စောဆင်းပေးတယ်။
ဘာလို့လည်းဆိုတော့ ဒီအချိန်မှာ အတင်းဖိအားပေးရင် ကလေးတွေက pressure ပိပြီး ဘာစာမှ ကျက်နိုင်တော့မှာ မဟုတ်။
နောက်တစ်ချက်က ကိုယ်မကျက်နိုင်တော့ရင် ကိုယ်ရနိုင်သလောက်ကိုပဲ ကျက်။ ဒီအချိန်မှ တစ်အုပ်လုံး စကျက်မှာဆိုရင်တော့ ဘယ်လိုကျက်ကျက် မှတ်မိမှာမဟုတ်။

ကိုကို့ ရဲ့ ငယ် ♥ Uni+ZawWhere stories live. Discover now