Part 5 uni+zaw

3.1K 247 4
                                    

ကိုကိုရဲ့ငယ်

အပိုင်း (5)

မနေ့ စနေ တနဂ်နွေ ဖြစ်တာကြောင့် ဂိုက်တန်းပိတ်လေသည်။
ဂိုက်တန်းပိတ်တာကြောင့် အေးချမ်းလေးတစ်ယောက် ကောင်းကောင်း အနားမယူနိုင်ပေ။ အကြောင်းအရင်းမှာကား
လွမ်းနာကျနေသောကြောင့်သာ ဖြစ်၏။

အရင်တုန်းက စနေ တနဂ်နွေဆို ချစ်သလောက် အခုတော့ စနေ
တနဂ်နွေ ရောက်မှာကိူ ကြောက်နေရ၏။ ဪ..ငယ်ရယ်..
မင်းနဲ့ နှစ်ရက်လေး မတွေ့ရတာကို ကိုယ့်အတွက်တော့ နှစ်ကမ္ဘာ
လောက်ကြာသလိုပဲ ။ ဒါပေမယ့် ဒီနေ့က တနလ်ာဆိုတော့ ဟဲဟဲဟဲ😊😊😊ချစ်ဆုံးလေးနဲ့တွေ့ရတော့မည်။

ကျောင်းမှာကတည်းကကျွန်တော့်မှာ အိမ်ပြန်ချင်တာ ဖင်တကြွကြွနဲ့ ။ ပြန်ခန်နီး chemistry ဆရာမက ချောဆွဲပြီး ခေါ်ထားတာကြောင့် ပုံမှန်ထက်နောက်ကျနေသည်။ အဲ့ဒါတွေကြောင့် Ec မလုပ်ချင်တာ။ပထမနှစ်ကတည်းက ဆရာမမေးတော့
Ec လုပ်ချင်ပါတယ်လို့ ပြောလိုက်မိတဲ့ ကိုယ့်ပါးစပ်ကို အကြိမ်ကြိမ်အခါခါ ရိုက်ပစ်ချင်တာ အသားနာမှာစိုးလို့😖😖

အခုလည်း ဒုတိယနှစ်ရောက်တော့  ကိုယ်တော့ ဒီနှစ် Ec မလုပ်တော့ဖူးဆိုပြီး လွတ်လပ်ပြီလို့ တွေးထားလိုက်တာ ။
Ec လုပ်တဲ့တစ်ယောက်က အရာရာ အလွဲလွဲ အချော်ချော်နဲ့မို့
ဆရာမတွေက အေးချမ်းကိုကို ပဲ Ec ပြန်လုပ်ဆိုပြီး အမိန့်ချလိုက်တော့ ကျွန်တော့်ဘဝမှာ ဘာနဲ့တူလည်း ဆိုတော့ သံလိုက်မိနေတဲ့
သံချောင်းလိုပဲ ဘယ်လိုပြေးပြေး ပြေးလို့မလွတ်တော့ဘူး ။

ပြီးတော့ ဆရာမတွေက တအားချစ်ဖို့ကောင်းတာ သိလား။ အေးချမ်းကိုကိုနင် ကျောင်းမပြီးမချင်း နှစ်တိုင်း Ec လုပ်ရမယ်တဲ့🙂 ဆရာမတွေရှေ့မို့ ငိုလို့မကောင်းလို့ ပြုံးပြလိုက်ပါတယ်
fake smile ကြီးနဲ့။🙂🙂 အခုလည်း ပြန်ချင်တာကို ပြန်လို့ မရသေးဆရာမက မနက်ဖြန် pratical လုပ်ရမှာမို့လို့ လိုအပ်တဲ့ ပစ္စည်း တွေ ကို ဝယ်ခိုင်းဖို့ စာရင်းလုပ်နေတာလေ။ 😫😫

အမေရေ အမေ့သမီး လေး ဘဝကို လှည့်ကြည့်ပါအုန်း
အခုတော့ ပြန်ချင်တာကို ပြန်လို့မရ တွေ့ချင်နေတဲ့ သူကို လည်း
တွေ့လို့ကမရသေး အမေက ကောင်းရှာပါတယ် ဂျင်းကို
အတောင့်လိုက်ကျွေးလိုက်တာလေ ငါ့သမီးလေး တက္ကသိုလ်ရောက်ရင် Ec လုပ်တဲ့ ဒါဆို ငါ့သမီးလေ အမှတ်ကောင်းမှာတဲ့ ။

ကိုကို့ ရဲ့ ငယ် ♥ Uni+ZawWhere stories live. Discover now