Part 26 Uni+Zaw

2.2K 217 13
                                    

ကိုကိုရဲ့ငယ်

အပိုင်း ၂၆

သူရစံက စီးပွားရေးနဲ့ပတ်သက်ရင် ညဏ်လည်းကောင်းသလို အကျိုးလည်းပေးတယ်လို့ခေါ်ရမှာပါဘဲ.. ဟိုတလောက သူ ပြောတဲ့အစီအစဥ်အတိုင်း အရက်တွေကို ပင်ရင်းကနေယူလိုက်တော့
သူတွက်ထားသလိုပင် တစ်ဖာကို ငါးသိန်း ငါးသိန်းကျော်လောက်အပိုထွက်လာသည်။စုစုပေါင်း အရက်ဖာ ၇၀လောက်မှာလိုက်တာကြောင့် အပိုငွေ သိန်း၃၀၀လောက်ပြန်ထွက်လာသည်။

ဒါ့အပြင် အရင်းနဲ့ပေါင်းရင် ၆၀၀ လောက်ရလိုက်တယ်ဆိုပါတော့... ကားခရယ် အခန်းငါးခရယ်က စုစုပေါင်းမှ သိန်းနှစ်ဆယ်လောက်ပဲ ကျတော့ ၂၈၀ လောက်မြတ်လိုက်သည်။ လှောင်ထားတဲ့အရက်တွေကလည်း အကုန်ရောင်းကုန်တာကြောင့် ဒီတစ်လထဲမှာပင် သိန်း ၃၃၀ လောက်မြတ်သွားသည်။ တစ်ယောက်တစ်ဝက်ခွဲတော့ သုံးပုံပုံလိုက်ပြီး ကျွန်တော်က တစ်ရာ သူရစံက တစ်ရာ နဲ့
ကျန်တစ်ရာက အရင်းအနှီးပေါ် နောက်ထပ်ရင်းနှီးတဲ့ငွေပေါ့..

ကျန်တဲ့သုံးဆယ်က အလုပ်သမားခရယ် ဆိုင်ခန်းခရယ်...
ဆိုတော့ ဒီလထဲမှာကို ကျွန်တော် တစ်ရာကျော်လောက် ဝင်သွားသည်။ ဒါကို ပိုးစံတစ်ယောက် သိသွားတာကြောင့် သိပြီးချင်းချင်း
ေလလို အလျင်နှုန်းဖြင့် ကျွန်တော်ဆီရောက်လာကာ တစ်ဝိုင်းဖိုး ဒကာခံဖို့ နပူနဆာလုပ်လေတော့သည်။ ဪ..သူငယ်ချင်းတွေများ ဂုန်းဆင်းဖို့ဆို ဘယ်လိုလျင်မှန်းမသိ ဂုန်းဆင်းဖို့ကို
ကျားချောင်းသလို ချောင်းနေကြတဲ့အထဲမှာ ကျွန်တော့်သူငယ်ချင်း
ပိုးစံက ထိပ်ဆုံးစာရင်းဝင်ပင်..🙂🙂🙂

"အေးချမ်းကိုကို ဒီကိစ္စ နင်မတရားဘူးနော် တစ်ရာကျော်လောက်မြတ်သွားတာတောင် ငါ့ကို အသိမပေးဘူး"

ရှေ့မှာ ချထားတဲ့ မာလာရှမ်းကော ကို စားလိုက် လူကို အပြစ်တင်လိုက်နဲ့ လုပ်နေသော ပိုးစံကို ကြာလာတော့ စိတ်မရှည်တော့တာကြောင့် သူစားနေတဲ့ မာလာရှမ်းကော ပန်းကန်ကို ဆွဲယူလိုက်လေသည်။

"ya အေးချမ်းကိုကို နင်ဘာလုပ်နေတာလည်း စားနေတာမမြင်ဘူးလား "

"မြင်တယ်လေ နင်က စားတာကို ပါးစပ်ပိတ်ပြီးတော့မှ မစားတာ
လူကို စေတနာပျက်အောင်လို့ လုပ်နေတာလေ"

ကိုကို့ ရဲ့ ငယ် ♥ Uni+ZawWhere stories live. Discover now