Part 21 Uni+Zaw

2K 207 18
                                    

ကိုကိုရဲ့ ငယ်

အပိုင်း ၂၁

"ငယ် ကိုကိုတို့ လမ်းခွဲရအောင်.."

"ကိုကို ဒါနောက်ရမယ့်အချိန်မဟုတ်ဘူးနော်"

"ကိုကို နောက်နေတာ မဟုတ်ဘူးငယ် တစ်ကယ်ပြောနေတာ"

"ကိုကို! !!!!!"

ယွန်း  ကိုကို့ ကို အော်လိုက်တဲ့အချိန် ယွန်းမျက်လုံးမှာလည်း မျက်ရည်တွေ ဝဲလို့လာခဲ့တော့သည်။ ကိုကို့ကို ကြည့်လိုက်တော့
လုံးဝကို တည်ငြိမ်နေတဲ့ပုံစံနဲ့။ ဒါဆို အတည်ပြောနေတာလား ကိုကိုက။ အရင်ဆို ယွန်း ကို မျက်ရည်မပြောနဲ့ ယွန်းအသံတွေ တုန်လာပြီး ငိူချင်တဲ့ အရိပ် အယောင်ပေါ်လာတာနဲ့ ချက်ချင်း ပျာယာတွေခတ်သွားတဲ့ ကိုကိုက အခုတော့ ယွန်းမျက်နှာမှာ မျက်ရည်တွေ နဲ့
ပြည့်နေတာတောင် ချော့ဖို့နေနေသာသာ စကားတောင် တစ်ခွန်းမှ
မဟ။ ကိုကို့ ကို ကြည့်ပြီး ယွန်းနားမလည်နိုင်ဖြစ်သွားရတော့သည်။

ဟိုနေ့က ဖုန်းဆက်တုန်းကတောင် ကိုကိုခမျာ အသံတွေတုန်ပြီး
ယွန်းနဲ့ မခွဲနိုင်ဘူးဆိုတာကို အတန်တန်ပြောခဲ့တဲ့ ကိုကိုက အခု
တော့ သူ့ဘက်ကစပြီးတော့ လမ်းခွဲရအောင်တဲ့လား.. ကိုကိုရယ်
ဘာဖြစ်လို့လည်း.. ဆိုပြီး ရှိသမျှအားနဲ့ ထုရိုက်ပြီး မေးပစ်လိုက်ချင်ပေမယ့် ယွန်းမှာ ဘာစကားမှ မထွက်လာ..အားလုံးဟာ လည်ချောင်းဝမှာတစ်နေသလို ကိုကို့ ကို ထုရိုက်ဖို့ လက်တောင်
မလှုပ်နိုင်လောက်အောင် အင်အားတို့က ချို့ယွင်းနေခဲ့ပြီ

။အထူးသဖြင့် မယုံကြည်နိုင်ခြင်းတို့က ပို၍သာ စိုးမိုးလာခဲ့ချေပြီ။ ကိုကို ဘာလို့ရုတ်တစ်ရက်ကြီးပြောက်းလဲသွားတာလည်း ဆိုတဲ့ အဖြေက ဘယ်လိုမှ စဥ်းစားလို့မရ..ယွန်းခေါင်းပူအောင် စဥ်းစားလိုက်ပြီးမှဖြစ်နိုင်ချေတစ်ခုသာထွက်လာတော့သည်။ ယွန်းတွေးမိလိုက်တဲ့ အဖြေက အမှန်လားဆိုတာကို အတည်ပြုဖို့ ယွန်းအရှေ့မှာရှိနေတဲ့ ကိုကို့ ကို ရှိသမျှ အားလေးတွေစုကာ ရဲတင်းပြီး မေးလိုက်တော့သည်။

"ကိုကို ငယ့်က်ု ့ခုလို လမ်းခွဲတာ ငယ့်မိဘတွေကြောင့်လား"
ယွန်းမေးလိုက်တော့ ခေါင်းခါလာတဲ့ကိုကို

ကိုကို့ ရဲ့ ငယ် ♥ Uni+ZawKde žijí příběhy. Začni objevovat