Part 25 Uni +Zaw

2.2K 216 10
                                    

ကိုကိုရဲ့ငယ်

အပိုင်း ၂၅

နောက်ဆုံးတော့ ကျွန်တော့် အိမ်မက်တွေ ဖြစ်လာခဲ့သည်။
ဘာလည်းဆိုတော့ ကျွန်တော် နောက်ဆုံးနှစ်မတိုင်မီ တစ်နှစ်အလိုမှာပေးတဲ့ ပညာသင်ဆုကို ကျွန်တော်ရရှိခဲ့သည်။ ဂျပန်ကို
ပညာတော်သင်ခွင့် နှစ်နှစ် သွားခဲ့ပြီး မြန်မာပြည်ကို ပြန်ရောက်လာတော့  ပညာတော်သင်သွားရင်း ခင်မောင်မြင့် ဆိုတဲ့ ဂျပန်ရောက် ကျွန်တော့်လို ပညာတော်သင် ကျောင်းသားနဲ့ဆုံခဲ့လေသည်။

ထို့နောက်နှစ်ယောက်သား စပ်တူ ဓာတ်ခွဲခန်းလေးထောင်ဖို့အတွက်
ဂျပန်မှာ အချိန်ပိုင်း လုပ်ရင်းစုထားတဲ့ပိုက်ဆံရယ် အမေ့မှာ
ရှိတဲ့ ပိုက်ဆံလေးရယ် နဲ့ ခင်မောင်မြင့်ရဲ့ ပိုက်ဆံရယ် စုပေါင်းပြီး
အေးမေတ္တာဆိုတဲ့ ဓာတ်ခွဲခန်းလေးကို တည်ထောင်နိုင်ခဲ့သည်။

အစပိုင်းတော့ လူသိပ်မသိသေးတော့ နည်းနည်းတော့ လူပါးတာပေါ့..နောက်ကြ ကေ ျာင်းတုန်းက ဆရာရဲ့ ဆက်သွယ်ပေးမှုကြောင့် နာမည်ရခါစ ဆေးရုံတစ်ရုံနဲ့ ချိတ်ဆက်ပေးတာကြောင့် နောက်ပိုင်း ကျွန်တောိတို့ရဲ့ ဓာတ်ခွဲခန်းလေး ကို လူသိများလာခဲ့သည်။ တစ်လကုန်တိုင်း ရလာတဲ့အမြတ်တွေကို သုံးပုံပြန်ခွဲလိုက်လေသည်။ တစ်ပုံကတော့ ဓာတ်ခွဲခန်းရဲ့ နောင် ချဲ့ထွင့်ရေးနဲ့ အရေးပါ်အသုံးစရိတ်ပေါ့..နှစ်ပုံကတော့ဘကျွန်တော်နဲ့ ခင်မောင်မြင့် တစ်ယောက်တစ်ပုံစီရတယ်လေ..

လစဥ်လတိုင်း ဓာတ်ခွဲခန်းကနေ ရလာတဲ့ ငွေတွေကို ဘဏ်အကောင့်ထဲမှာ စုထားလိုက်လေသည်။ စားဝတ်နေရေးနဲ့ အသုံးစရိတ်ကတော့ ဆေးရုံကြီးကနေရတဲ့ အစိုးရလစာ ကိုပဲ သုံးဖြစ်သညိ။
အစက ဓာတ်ခွဲခန်းကို ကျွန်တော်နဲ့ ခင်မောင်မြင့်နဲ့ တစ်ယောက်တစ်လှည့် ဂျူတီအားတဲ့အချိန် ထိုင်နေကြ..ေနာက်ပိုင်း လာအပ်တဲ့သူတွေ အရမ်းများလာတာကြောင့် ဓာတ်ခွဲခန်းကို နေရာထပ်ချဲ့လိုက်ပြီး တခြား ဓာတ်ခွဲမှုးနှစ်ယောက် ကောင်တာစာရေး လေးယောက်
အထွေထွေလုပ်သား တစ်ယောက် စတဲ့ ဝန်ထမ်းတွေပါ ခန့်အပ်နိုင်တဲ့အထိ ချဲ့ထွင်လာနိုင်ခဲ့သည်။

ကိုကို့ ရဲ့ ငယ် ♥ Uni+ZawWhere stories live. Discover now