Part 36

958 44 3
                                    

Zawgyi Ver

"ဟိုကလေး!!! ပြန်လာခဲ့စမ်း"

မျက်နှာပြောင်သည့် ဒီကလေးက ဘယ်ကနေရောက်လာပြန်ပြီလည်း။
အောင့်သက်သွားသည့် နာကျင်မှုနဲ့အတူ ဒေါသတို့အလိပ်လိုက်ထွက်ရသည်။

ဘယ်ဘဝက စောင်အကုသိုလ်တွေလည်း။

"ပြန်လာခဲ့စမ်း ပြောနေတာမကြားဘူးလား"

အခန်းထဲမှာ ပွစာကျဲနှံ့နေအောင် ဆော့ထားသည့် ဒီကလေးစုတ်။
ကျက်သရေတုံး အမျိုးယုတ်ကလေး။

"ထက်ရှိန်!! ထက်ရှိန်!!"

ထမင်းစားခန်းဘက် ပြေးထွက်သွားသည့် ထိုကလေးနောက်လိုက်ရင်း ထိုလူကို ဒေါသတကြီးအော်ခေါ်မိသည်။

သူ့အဖေရဲ့ဒူးခေါင်းနေရာကို တင်းနေအောင်ဖက်ထားသည့် ထိုကလေးက မျက်နှာကိုမော့ကာ ဖအေကို အကူအညီတောင်းသည့်ဟန်။

"ဒါက ဘာသဘောလဲ ထက်ရှိန်
ဒီကလေးက ဘယ်လိုရောက်နေတာလဲ"

ထက်ရှိန် သူ့ရဲ့ခေါင်းကို တဗျင်းဗျင်းကုတ်ရင်း

"သားသားက ကျောင်းပိတ်ပြီလေ
အဲ့တာ ဒီမှာနေချင်လို့တဲ့ ဝန်းရဲ့"

"အဲ့တော့ ဒီမှာနေမှာပေါ့
ငါ့လည်း ဘာမှမပြောပါလား"

"အင်း...ပြောတော့ပြောမလို့ဘဲ
အချိန်ဆွဲနေရင်း မပြောမိလိုက်ဘူး"

"အဲ့တော့ မင်းလုပ်ချင်ရာလုပ်တယ်ပေါ့"

တည်တန့်အေးစက်သွားသည့် ဝန်းရဲ့မျက်နှာက မိုးကြိုးပစ်မည့် လျှပ်စီးလိုပင်။
ဝန်းမကြိုက်ဘူးဆိုတာသိလို့ သားသားကို မလိုက်ခဲ့ဖို့ဖြောင်းဖျခဲ့တာ။
ကလေးက ငိုယိုနေပြန်တော့ ဖအေဖြစ်သည့်သူက ဘယ်လိုမျက်နှာလွှဲနိုင်ပါ့မလဲ။

"တစ်နှစ်ပတ်လုံး ခွဲနေရတာဆိုတော့ ကိုယ်နဲ့ခဏလောက် နေချင်တဲ့သဘောပါ
ဝန်း ခွင့်ပြုပေးလို့ရမလား"

ဒင်းက ငါးပိဖုတ် မျက်နှာသာပေး ရွှေရေးပန်းကန်ပေါ်တက် လုပ်ချင်လာတယ်။
နည်းနည်းလေးရောလိုက်တာနဲ့ ပေါချင်လာတော့တာပဲ။

"မင်းရဲ့အိမ်ပဲလေ မင်းရဲ့သဘောပဲ
မင်း တင်ခေါ်ချင်တဲ့သူ တင်ခေါ်ပေါ့
ငါ့ကို မေးနေစရာမလိုပါဘူး"

Smile AgainWhere stories live. Discover now