Part 31

1K 50 15
                                    

Zawgyi Ver

"ဟာ!!...မဖြစ်နိုင်ဘူး ကြီးမေ
ကျွန်တော် မသွားနိုင်ဘူး"

"ဟယ်...မင်းကလည်း အဖော်ရအောင်လို့လေ
မင်းတစ်ယောက်တည်း သွားနေတာ ကြီးမေတော့ စိတ်မချပါဘူး
မဟုတ်ရင် လွှတ်တောင်မလွှတ်ချင်ဘူး
ကြီးမေကလည်း ဒီမှာလက်စတွေနဲ့ ကိုယ်ခွဲမရှိဘူး
ပိုးချည်တွေကလည်း ပြတ်နေလို့
ပိုးစာခြံဘက်လည်း မသွားဖြစ်တာကြာနေပြီလေ
အဲ့တော့ မင်းကို သွားကြည့်စေချင်တာ
မင်းလည်းနေကောင်းသေးတာမဟုတ်ဘူး
သူကလည်း လမ်းကြုံနေတော့ အတူတူသွားကြလို့
ကားမောင်းပေးမယ့် အဖော်ရတာပေါ့
တက်လိုက်သွားရုံလေးပဲ"

"ကြီးမေပြောတော့ အလွယ်...
ဟိုက သူ့ကိစ္စနဲ့သူ သွားမှာမအားဘူး
ကြီးမေကို အားနာလို့သာ မငြင်းနေတာ
ပြီးတော့ သွားရမယ့်လမ်းကလည်း ပြဒါးတစ်လမ်း သံတစ်လမ်း
ကျွန်တော်က ပြင်ဦးလွင်
သူက မန္တလေးနေခဲ့မှာ
ဟိုရောက်ရင် ဘယ်သူကမောင်းပေးမှာလဲ
ဒရိုင်ဘာတစ်ယောက်လောက်ခေါ်လိုက် အေးရော
ဘယ်သူ့မျက်နှာမှ ကြည့်နေစရာမလိုဘူး"

"ဘယ်သူ့မျက်နှာမှလဲ ကြည့်စရာမလိုပါဘူး
မောင်ထက်ရှိန်ရဲ့မျက်နှာကိုပဲ ကြည့်ရုံပဲ
ကြီးမေ သေချာမေးပြီးပြီ
သူက ရတယ်တဲ့
ဟိုရောက်ရင် မင်းကိစ္စပြီးမှ သူ့ကိစ္စလုပ်မယ်တဲ့"

ပြောမရသည့် ကြီးမေကို တကယ်မတည့်ချင်ဖြစ်လာရသည်။ ဒီထက်ရှိန်ဟာ ကြီးမေကို ဘာတွေနဲ့ပြုစားထားသည်မသိ။
လေပေးဖြောင့်ပုံများတော့ သူ့တူဖြစ်တဲ့ ကျွန်တော့်ကိုကျော်ပြီး မောင်ထက်ရှိန် မောင်ထက်ရှိန် နဲ့နေတာပဲ။

"ကြီးမေ ဘာဖြစ်ချင်နေတာလဲ
ကြီးမေခိုင်းတဲ့ကိစ္စလုပ်ရင် ပြီးရောမလား
ဘာကိစ္စ အဲ့ကောင်နဲ့အတူတူသွားခိုင်းနေရတာလဲ
မတည့်ပါဘူးဆိုနေ"

"မတည့်လို့ကို သွားခိုင်းနေတာဟေ့
လူကြီးကပြောရင် ဘယ်တော့မှ တစ်ခါတည်း နားမထောင်ဘူး
အရိုးများသလေး ချေးခါးသလေး
ဂျီးဂျွတ်အီးဘွတ်တွေနဲ့ ရှုပ်ယှက်တွေကို ခတ်နေတာပဲ
နင့်ကိုခိုင်းရတာထက် ကျားဖင်မှ ပြေးနှိုက်လိုက်ချင်သေး"

Smile AgainWhere stories live. Discover now