Part 5

878 59 10
                                    

Zawgyi Ver
မုန့်စားဆင်းချိန်ရောက်တော့
ကိုတန်းက ကြွက်နီဆီကို အလည်သွားဖို့ ဝန်းရံခက ဝလ္လာဦးကို အတင်းဆွဲခေါ်လာသည်။

"ဝန်းရံခရာ မင်းကကွာ စောက်ရေးမပါတာတွေ တအားလုပ်တာပဲ ငါမသွားချင်ပါဘူးဆို"

"မင်းကလည်း မုန့်ဝယ်ကျွေးပါမယ်ဆို ငါတစ်ယောက်တည်းဆို ကြောင်တတ်တတ်ကြီးမို့"

"မစားချင်ပါဘူး ငါလည်းဝယ်စားနိုင်သားပဲ
ထက်ရှိန်ကို မင်းကြိုက်နေတာမလား ငါပြောပေးမယ်ကွာ
အဲ့ဒီကိုတော့ မသွားပါနဲ့
ဘယ်နှယ့် မင်းဟာက ယောကျာ်းလေးက ဘဲသွားကြောင်ရမယ်လို့ သူ့အမျိုးမဟုတ်တာတွေ စွရေးမပါတာတွေ လုပ်နေရင်
ငါ မင်းကို အန်တီနွယ်နဲ့ တိုင်ပြောမယ် "

"ငါ တကယ် အလည်သွားချင်လို့ပါဆိုကွာ
ဝလ္လာရာ......
သူတို့နဲ့ ခင်တော့မကောင်းဘူးလား
စာမေးလို့ ရတာပေါ့"

ဝလ္လာဦးက လူကြီးစတိုင်အပြည့်နဲ့ ခါးထောက်လိုက်ပြီး

"ဝန်းရံခ ...ကြီးကြီးကျယ်ကျယ်တွေ ပြောမနေနဲ့ မင်းဘယ်တုန်းကများ
စာကို စိတ်ဝင်စားလို့လဲ
ထက်ရှိန်ကို စိတ်ဝင်စားသလောက် စာကိုသာ စိတ်ဝင်စားရင် အတန်းထဲမှာ အမြဲ Roll 1 ရနေမှာ အသေအချာပဲ"

"မင်း မလိုက်ဘူးလား လိုက်မှာလားပဲ ပြော"

"မလိုက်ဘူးကွာ"

ဝန်းရံခက မျက်ရည်လေးဝဲတဲဝဲတဲနဲ့  ငုတ်တုတ်ထိုင်ချလိုက်ပြီး ဝလ္လာဦးကို ကျောပေးကာ မြေကြီးပေါ် သူ့ရဲ့မကျေနပ်ချက် စာလုံးလေးတွေကို တုတ်လေးတစ်ချောင်းနဲ့ ရေးနေပြီလေ။

ဒါပဲ ဝန်းရံခကတော့ သူ့အလိုလေး မလိုက်ရင် မျက်ရည်လေးစမ်းတမ်းစမ်းတမ်းလုပ်ပြီး 'ဝလ္လာက မကောင်းဘူး'
'ငါ ခင်သလို မခင်ဘူး' 'မင်းကို သူငယ်ချင်းမလုပ်တော့ဘူး'
'ငါ အကြိုက်ဆုံး ဂိမ်းခွေတွေကျ မင်းကို ပေးရတာ' စသဖြင့် သူ့ရဲ့ ခံစားချက်တွေကို မြေပေါ်မှာ ချရေးလေ့ရှိသည်။

"မင်းမသိပါဘူး ဝလ္လာရာ
ငါက သူ့ကို ကြိုက်နေတာ မဟုတ်ဘူး
သူ့ရဲ့ဘေးနားမှာနေပြီး သူ့မျက်နှာလေးကို ကြည့်နေချင်တာ"

Smile AgainWhere stories live. Discover now