Part 8

702 47 1
                                    

Zawgyi Ver

မိုးရေထဲမှာ ပြေးလာနေတဲ့ ဝန်းရံခကို ဝလ္လာ လှမ်းတွေ့လိုက်ရသည်။

ဝလ္လာက သူရှိရာကို ပြေးလာနေပြီး မိုးသံလေသံတွေကြားထဲက အော်ဟစ်ကာပြောဆို​နေသည်။

"ဝန်းရံခ မင်းကို ကျောင်းထဲက စောင့်နေဆိုတာကို ဘာလို့ထွက်လာတာလဲ
ကြည့်စမ်း အခုတော့ အကုန်ရွဲနစ်နေပြီ"

သူ့ရဲ့လက်ထဲကို ထိုးပေးလာတာက ကျောင်းအပြင်ကိုပြေးပြီး အခု​လေးတင်မှ သွားဝယ်လာတဲ့ မိုးကာအင်္ကျီအသစ်ကလေး.....။

"ရော့ မြန်မြန်ဝတ်"

ဝန်းရံခက မိုးကာအင်္ကျီကို ဝတ်နေရင်း တစ်ကိုယ်လုံး စိုရွဲနေတဲ့ဝလ္လာ့ကို ကြည့်နေမိသည်။

"မင်းက​ရော ဘာဝတ်မှာလဲ"

ဝလ္လာက သူ့ကိုယ်သူ ငုံ့ကြည့်ပြီး

"မဟုတ်လည်း ငါက ရွဲနေပြီ ဘာမှ မဝတ်တော့ဘူး
လုပ် မြန်မြန် ပြန်ရအောင် ချမ်းနေပြီ"

ခပ်သွက်သွက် ခေါင်းငြိမ့်ပြရင်း ဝလ္လာ့ရဲ့ကျောပိုးအိတ်ကိုပါ ယူပြီး ရှေ့တစ်ခု နောက်တစ်ခုပိုးထားကာ မိုး​ရေလုံ​အောင် အင်္ကျီဖြင့်ဖုံးထားလေသည်။
ဝလ္လာက သူ့ရဲ့ ပုံစံကိုကြည့်ကာ ပြုံးစိစိနဲ့

"ဝန်းရံခ မင်းက ဗိုက်ကြီးသည်ကြီး ကျနေတာပဲ"

"လိ့ကို ဗိုက်ကြီးသည်လား
ဗိုက်ကြီးသည်ကြီး ကျ​နေရင် ကောက်တင်ပေးလိုက်"

ဝလ္လာက တဟားဟားရယ်ပြီး

"အေး​အေး တက်တက် စက်ဘီး​ပေါ်ကို...
ဗိုက်ကြီးသည်မို့ တင်ပေးတာနော်"

ဝလ္လာနင်းမယ့် စက်ဘီး​ပေါ်ကို ခွတက်လိုက်ပြီး နောက်ကနေ ပုခုံးကို တဖတ်ဖတ်ရိုက်ကာ

"သွားဟဲ့ ငါ့တပည့်လေး''

ဝလ္လာက နင်းတော့မယ့်ဆဲဆဲ စက်ဘီးကို ပြန်ရပ်လိုက်ပြီး

"ဟျောင့်...ဆင်းစမ်း"

"ဆင်းဘူး"

ရှေ့ကို စူထွက်လာတဲ့ အူယားစရာ နှုတ်ခမ်းလေးကို လှမ်းဆွဲညှစ်​တော့ ဝန်းရံခက အတင်းကာရောဖယ်ပြီး ဝလ္လာ့ကို မှီရာတွေ လှမ်းရိုက်တယ်။

Smile AgainWhere stories live. Discover now